“ဖတ်တီး”လို့ နှိမ်ပြီးအခေါ်ခံခဲ့ရပေမယ့် ချစ်သူလှလှလေးနဲ့ လက်ထပ်နိုင်ခဲ့သူ

လူယဉ်ကျေးမှုဆိုတဲ့ ပတ်ဝန်းကျင်အတွင်းမှာ အရိုးစွဲနေတဲ့ လူမှုရေးနှိမ့်ချမှုတွေ ရှိပါတယ်။ သိပ်ကို ဝလွန်းတဲ့သူဆို ဖက်တီး၊ ဝက်ပုတ်တို့၊ ပုတ်ကြီးစတဲ့နာမ်စားတွေနဲ့ နှိမ့်ချခေါ်ကြလေ့ရှိပါတယ်။ ဒါကို ဘယ်သူကမှ နှိမ်ပြီးခေါ်မိတယ်လို့ သူတို့ဘက်က မစဉ်းစားမိကြပါဘူး။ ဒါပေမယ့် အမှန်တရားတိုင်းက မချိုဘူးဆိုတာ အားနည်းချက်ရှိသူတွေသာ သိပါတယ်။

ပိန်တဲ့သူကို ငပိန်၊ ဂျပိန်လို့ ခေါ်တာ၊ ပုတဲ့သူကို ဂျပု၊ ငပုလို့ခေါ်တာ မဆန်းပေမယ့် အခေါ်ခံရသူရဲ့စိတ်ထဲမှာတော့ အတော်လေး မခံမရပ်နိုင်ဖြစ်တာကို ထည့်သွင်းတွက်ချက်ကြည့်လျှင် ဒီလိုနာမ်စားတွေက သူတို့ကို နှိမ်ဖို့သက်သက် ထွင်လာတာလို့တောင် အထင်ရှိတတ်ပါတယ်။ ဒါဟာ လူ့ယဉ်ကျေးမှုဆိုတဲ့လောကကြီးမှာ အခုအချိန်ထိ အရိုးစွဲနေဆဲပါ။

အခုလည်း ကူဒီလိုအမည်ရှိတဲ့အမျိုးသားဟာ သူ့ကို သူငယ်ချင်းတွေ လူမှုကွန်ယက်အသိုင်းအဝိုင်းက နစ်နစ်နာနာ ချိုးချိုးဖဲ့ဖဲ့ခေါ်တာကို ခံခဲ့ရပါတယ်။ သူကို ခပ်ရိုင်းရိုင်းပြောရရင် “ဘောကြီး”ဆိုတဲ့နာမည်မျိုးတွေတောင် ရက်ရက်စက်စက် နှိမ့်ချပြီးခေါ်တာကို ခံရတာပါ။ သူ့ကိုလည်း အပေါင်းအသင်း သူငယ်ချင်းတွေက (၁၂၀)ကီလိုဂရမ်ရှိတဲ့ အတ္တဘောကြီးကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ဘူးဖို့ ပြစ်ပြစ်နှစ်နှစ် ပြောကြပါတယ်။

READ
မြေးတွေကို ခရစ္စမတ်သစ်ပင်မီးထွန်းပြစဉ် မတော်တဆ အိမ်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်း

ဒါပေမယ့် ပုံပြင်တွေ၊ ရာဇဝင်အတ္ထုပ္ပတ္တိတွေထဲမှာ မင်းသမီးလေးနဲ့ မိစ္ဆာကြီးတောင် ရခဲ့သေးတာပဲ။ ကူဒီကို အသည်းအသက်ပေးပြီးကြိုက်မယ့်သူ ပေါ်လာခဲ့ပါတယ်။ သူကတော့ ပေါင်ချိန် (၄၄)ကီလိုဂရမ်သာ ရှိပြီး ပူဝါဒေါလ်လို့ အမည်ရတဲ့ သူနာပြုဆရာမလေးပါ။ သူမဟာ ကူဒီကို ချစ်မိတာ အသည်းနှလုံးရဲ့ စေ့ဆော်မှုကနေ ချစ်မိတာလို့ ဆိုပါတယ်။ လူအမျိုးမျိုးက နှိမ်ချဆက်ဆံနေပေမယ့် သူမက ကူဒီကို ဒီလိုမမြင်ဘဲ ချစ်စရာအမျိုးသားတစ်ဦးလို့သာ မြင်ခဲ့ပါတယ်။

ပူဝါဒေါလ်ဟာ ချစ်သူ ကူဒီကို ဘယ်လိုယုံကြည်မှုတည်ဆောက်ရမယ်၊ ဘယ်လို နေထိုင်ရမယ်ဆိုတာကအစ သင်ပေးပါတယ်။ သူမတို့စုံတွဲဟာ ဝေဖန်တိုက်ခိုက်လာသူတွေရဲ့ စကားတွေ၊ ကုန်းတိုက်စကားတွေ၊ မနာလိုသွေးထိုးစကားတွေကို ကျော်ဖြတ်ပြီး (၁၀)နှစ်ကြာ မြဲမြံစွာ ချစ်လက်တွဲခိုင်မြဲခဲ့ကြပါတယ်။ ဒီနောက်မှာတော့ သူမတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုခွဲပြီး မနေနိုင်တော့ပါဘူး။

ဒါကြောင့်လည်း လက်ထပ်ပွဲဆင်နွှဲပြီး ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ အခုဆို ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတစ်ယောက်ကိုပင် ပူဝါဒေါလ်က မွေးပေးခဲ့ပြီးပါပြီ။ ထိုင်းဆိုရှယ်မီဒီယာတွေပေါ်မှာ ကူဒီဟာ အရင်က အများဝေဖန်တိုက်ခိုက်စရာ ဖြစ်ခဲ့ပေမယ့် အခုဆို အမျိုးသားထုအလယ်မှာ သူ ဇနီးဖြစ်သူ ပူဝါဒေါလ်ကို ဘယ်လိုပိုးပန်းခဲ့သလဲဆိုတာကို မကြာခဏမေးခြင်းခံရပြီး ဆရာအတင်ခံရတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

READ
ဓာတ်လှေကားစီးရင်း ခလုတ်တွေအပေါ်ကို အပေါ့နဲ့ လှမ်းပန်းခဲ့တဲ့ကောင်ဆိုးလေး

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE