ဘဲဥလေးကို ရင်သွေးအမှတ်နဲ့ မွေးမြူထားခဲ့ပုံရတဲ့ ဇီးကွက်

ဇီးကွက်တစ်ကောင်နဲ့ ဘဲပေါက်လေးတစ်ကောင်တို့ဟာ အတူတူ နေခဲ့ကြပါတယ်လို့ ပြောရင် စာဖတ်သူတွေ နည်းနည်းတော့ ကြောင်အမ်းသွားမှာ သေချာပါတယ်။ မျိုးလဲမတူ အစာရှာပုံချင်းလဲ မတူတဲ့ သတ္တ၀ါနှစ်ကောင်ဟာ ဘယ်လိုများမိတ်ဆွေဖြစ်သွားသလဲဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီလိုအဖြစ်မျိုး တကယ်ရှိတာပေါ့လို့ ဆိုရမလိုပါ။ ဘာကြောင့်လဲဆိုတော့ ဖလော်ရီဒါက ဓာတ်ပုံဆရာတစ်ယောက်ဟာ သူတို့နောက်ဖေးခြံထဲက အခုလို မြင်ကွင်းလေးကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

ဓာတ်ပုံဆရာက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လော်ရီဝုဖ်လို့ အမည်ရပါတယ်။ သူမက တစ်နေ့မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ပါတယ်။ သူမမြင်လိုက်ရတာက အိမ်နားက သစ်ခေါင်းတွေကြားထဲမှာ ဇီးကွက်တစ်ကောင်နဲ့ ခေါင်းဝါ၀ါသတ္တ၀ါလေးတစ်ကောင်ရယ်ပါ။ ပထမတော့ ခေါင်းဝါ၀ါလေးက ဇီးကွက်ပေါက်လေးပဲဖြစ်မှာဆိုပြီး လော်ရီက တွေးခဲ့ပါတယ်။ သေချာကြည့်လိုက်တော့မှ ဘယ်ဟုတ်မလဲ။ ဇီးကွက်ပေါက်ကလေး မဟုတ်ပဲ ဘဲပေါက်လေးတစ်ကောင်ရဲ့ ခေါင်းလေးဖြစ်နေခဲ့တာပါ။

photography by Laurie Wolf

နှစ်ကောင်စလုံးက ဘေးချင်းယှဉ်ြ့ပီး ရုပ်တည်လေးတွေနဲ့ သူတို့သစ်ခေါင်းပြတင်းပေါက်ကနေ အပြင်ကို ပြူကြည့်နေတာပါ။ မြင်ရတာ ချစ်စရာအရမ်းကောင်းသလို အံ့သြဖို့လည်း ကောင်းလွန်းပါတယ်။ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးတဲ့ လော်ရီက အစပိုင်းတော့ ကြောင်သွားပါတယ်။ မတော်လို့ ဇီးကွက်က ဘဲပေါက်လေးကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ တွေးပါတယ်။ ဘဲလေးကိုပါ စိတ်မချတာနဲ့ ကျွမ်းကျင်ငှက်ပညာရှင်တစ်ယောက်ကိုပါ ဆက်သွယ်ပြီး သူမက ပြောပြခဲ့ပါတယ်။

ဒါနဲ့ လော်ရီက မနေနိုင်ပဲ ဘဲပေါက်လေးကို သစ်ခေါင်းထဲကနေ ဖမ်းဖို့ အလုပ်မှာ ဘဲလေးဟာ အထဲကနေ ခုန်ထွက်ပြီး အနားမှာ ရှိတဲ့ ရေကန်တစ်ကန်ထဲ ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လော်ရီဟာ ဘဲပေါက်လေးကို မတွေ့ရတော့ပါဘူး။ ဘဲပေါက်လေးက ရေကန်နားမှာပဲ အသက်ရှင်နေလိမ့်လို့ မျှော်လင့်ရတာပါပဲ။ သိရတာက တောဘဲမတွေဟာ တစ်နေရာထဲမှာ ဥမဥတတ်ပဲ အခြားငှက်တွေရဲ့ အသိုက်တွေထဲမှာလည်း ၀င်ဥချလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘဲပေါက်လေးဟာ မှားယွင်းပြီး ဇီးကွက်အသိုက်ထဲ ရောက်သွားခဲ့ရသလားဆိုတာ မပြောတတ်တော့ပါဘူး။

လင်းလင်း (ShweMom)

READ
အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ ဘောလုံးပရိသတ်များ

Ref: Dailymail

SHARE