ကြောင်မွေးခြင်းက စိတ်ကျန်းမာရေးကို မထိခိုက်စေကြောင်း လေ့လာမှုတစ်ရပ်ဆို

ကြောင်တွေကို မွေးခြင်းဟာ စိတ်ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ဆိုခဲ့တဲ့ သုတေသန ပြုချက်အပြီးမှာ ကြောင်မွေးလို့
စိတ်ကျန်းမာရေး ထိခိုက်တယ် ဆိုတာ မမှန်ကြောင်း လေ့လာချက်တစ်ခုက ထပ်မံ တင်ပြခဲ့ပါတယ်။
ဒီလေ့လာချက်အသစ်ကို  University College London  မှ ဦးဆောင်ပြီးလေ့လာခဲ့တာ ဖြစ်ပြီး အရင်ကလေ့လာခဲ့တဲ့ ကြောင်မွေးခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆိုကို ချေဖျက်ခဲ့တာ ဖြစ်ပါတယ်။

toxoplasma-gondii-obligate-intracellular-parasitic-protozoan-causes-disease-toxoplasmosis-diagram-77625302

ဒီနေရာမှာ နားရှင်းသွားအောင် အရင်လေ့လာချက်အကြောင်းတင်ပြချင်ပါတယ်။
ကြောင်တွေဟာ စိတ်ကစဥ့်ကလျားရောဂါကို ဖြစ်စေနိုင်တဲ့ Toxoplasma Gondii (T. Gondii) လို့ခေါ်တဲ့
ကပ်ပါးကောင်တွေ နေထိုင်နိုင်တဲ့ ကပ်ပါးကောင်လက်ခံ သတ္တ၀ါတွေ ဖြစ်ကြပါတယ်။Toxoplasma gondii
ဆိုတဲ့ ကပ်ပါးဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ တွေ့ရနိုင်တဲ့ ကပ်ပါးကောင်ဖြစ်ပြီး သွေးနွေး သတ္တ၀ါ အားလုံးမှာ မှီခိုနေထိုင်နိုင်ကြပါတယ်။သွေးနွေးသတ္တ၀ါ အများစုမှာမှ ကြောင်တွေခန္ဓာကိုယ်မှာ မှီခိုနေထိုင်နိုင်ကြပြီး မျိုးပွား
ပေါက်ဖွားနိုင်ကြပါတယ်။ဒါကြောင့် အရင်သုတေသန ပြုလုပ်သူတွေက ကြောင်မွေးတဲ့ အိမ်တွေမှ ကလေး
တွေဟာ ကြီးထွားမှု နောက်ကျပြီး စိတ်ပိုင်းဆိုင်ရာရောဂါများကို ခံစားရနိုင်တယ် လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

READ
အထိုင်များခြင်းရဲ့ ကျန်းမာရေးဆိုးကျိုး

maxresdefault

” ကျွန်တော်တို့ အခုပေးချင်တဲ့ Message ကတော့ ကြောင် တစ်ကောင်ဟာ ကလေးတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို လုံးဝမထိခိုက်စေနိုင်ဘူး ဆိုတာပါပဲ။ပထမလေ့လာချက်မှာ မသေချာတဲ့ ယူဆ ချက်တွေပါဝင်နေပြီး ကလေးတစ်ယောက် အသက် ၁၃ နှစ်လောက်ရောက်ရင် ကြောင် ကြောင့် စိတ် ဝေဒနာတွေ ခံစားရနိုင်တယ်
လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာချက်အရ ဒီလိုစိတ်ကျန်းမာရေး ထိခိုက်ခြင်းဟာ တခြား
အကြောင်းအရာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။” လို့လေ့လာသူ ဒေါက်တာ ဖရန် ဆက်ဇကာက တွေ့ရှိချက်
အသစ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာမှုကို Psychological Medicine မှ ပုံနိုပ်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ တစ်ဝိုက်ဖွားမြင်တဲ့ လူပေါင်း ၅၀၀၀ ကျော်ကို သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဒီလူပေါင်း ၅၀၀၀ ကျော်ဟာ အမိ ၀မ်းကတည်းမှစပြီး အသက် ၁၈ နှစ်အထိ အိမ်မှာ ကြောင်တစ်ကောင်ရှိနေတဲ့ အိမ်မှ လူများဖြစ်ကြပါတယ်။လေ့လာချက်အရ မိသားစုဝင်များပြားခြင်း၊မိသားစု နွမ်းပါးဆင်းရဲခြင်းတို့ဟာ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေ ဖြစ်ပြီး ကြောင်တွေကို အပြစ်ပုံချလို့ မရဘူးလို့ လေ့လာသူများက ဆိုပါတယ်။သို့ပေမဲ့ T. Gondii ဟာ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနဲ့ သန္ဓေသားလောင်းရဲ့ ကျန်းမာရေးကိုတော့ ထိခိုက်စေနိုင်တာ အမှန်ဖြစ်တယ် လို့ဆိုပါတယ်။

READ
ဖုန်းကိုခေါင်းအုံးဘေးမှာထားခြင်းရဲ့ ကြီးမားလှတဲ့အန္တာရယ်

PregnantWomanWithCat-Buena-Vista-Images-56a112833df78cafdaa92463

” ကျွန်တော်တို့ လေ့လာချက်အရ ကိုယ်ဝန်ဆောင်ကာလမှာ ကြောင်တစ်ကောင်ရှိနေခြင်းဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို မထိခိုက်စေနိုင်ပေမဲ့ ကလေး ကျန်းမာရေးချို့ယွင်းချက်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာတော့ အမှန်ပါပဲ။ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မသန့်ရှင်းတဲ့ ကြောင်စာခွက်တွေ၊ကြောင် အိပ်ယာတွေ နဲ့ တိုက်ရိုက်ထိတွေ့ မှု မရှိအောင်နေ ထိုင်ကြဖို့ တော့ အကြံပြုချင်ပါတယ် “လို့ ဒေါက်တာ ဖရန် ဆက်ဇကာက ပြောကြားခဲ့ပါတယ်။

Arkar Hein (Shwemom)

Ref : Fox News

SHARE