မထင်မှတ်ထားတဲ့ ကူညီမှုတစ်ခုကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ Mesut Ozil

[email protected] m10_official [email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို ကျပ်တည်းနေရတဲ့အချိန်တွေပါ။ ဘောလုံးပွဲတွေဟာလည်း ပရိသတ်မပါပဲ ကွင်းပိတ်ကစားရတဲ့ အခြေအနေဖြစ်တာကြောင့် ဘောလုံးအသင်းပိုင်ရှင် တော်တော်များများဟာ ပရိသတ်ကွင်းဝင်ကြေး မရတဲ့အပြင် ဘောလုံးသမားတွေကိုပါ လစာအပြည့် ပြန်ပေးနေရတဲ့ အနေအထားပါပဲ။ ဒါ့ကြောင့် မကြာသေးခင်အချိန်တုန်းက ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းမှ တာဝန်ရှိသူတွေဟာ COVID 19 အချိန်ကာလမှာ ပရိသတ်တွေ ကွင်းထဲမဝင်နိုင်တာကြောင့် ပရိသတ်တွေကို အမြဲလိုလို ဖျော်ဖြေပေးနေတဲ့ အာဆင်နယ်အသင်းရဲ့ လာဘ်ကောင်အရုပ်ဖြစ်သူ Gunnersaurus ကို လာဘ်ကောင်အဖြစ် ဆက်လက်တာဝန်မထမ်းဆောင်စေပဲ အသင်းမှ ထုတ်ပစ်ခဲ့ကြပါတယ်။

 

ဒီလိုမျိုး Gunnersaurus ကို အသုံးစရိတ်လျှော့ချတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထုတ်ပယ်ပစ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အာဆင်နယ် ပရိသတ်တွေခမျာ တော်တော်လေးကို ပေါက်ကွဲသွားခဲ့ကြပြီး အာဆင်နယ်အသင်းပိုင်ရှင် Stanley Kroenke နဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေကို အပြင်းအထန်ဝေဖန်မှုတွေ ပြုခဲ့ကြပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ အာဆင်နယ်အသင်း ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခု ရှိလာခဲ့ပြီ။ မကြာသေးခင်အချိန်တုန်းက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ Mesut Ozil ကနေပြီးတော့ Gunnersaurus ရဲ့ လစာကို COVID ကာလအတွင်း သူကိုယ်တိုင် ပေးအပ်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ဖော်ကြေညာခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
၂၇-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ.

 

“Gunnersaurus ဟာ ကျွန်တော်တို့ အာဆင်နယ်အသင်းမှာ လာဘ်ကောင်အဖြစ် လုပ်ကိုင်နေတာ ၂၇ နှစ်ကျော်ရှိခဲ့ပါပြီ။ သူဟာတစ်ကယ့်ကို သစ္စာရှိပြီး ဂုဏ်သရေရှိတဲ့ အရုပ်တစ်ရုပ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ကတော့ Gunnersaurus ကို အာဆင်နယ်အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို ကမ်းလှမ်းမှုမျိုး ပြုလုပ်ခဲ့ပြီး အသင်းက မထွက်သွားစေချင်လို့ပါ”လို့ Ozil က ပြောကြားခဲ့ပါတယ်။

 

Ozil ဖက်က ဒီလိုမျိုး Gunnersaurus ကို ကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့အပေါ်မှာတော့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ဘာမှတ်ချက်မှမပေးခဲ့ပေးမယ့် သူတို့အနေနဲ့ လက်ရှိမှာတော့ ပရိသတ်မရှိတာကြောင့် Gunnersaurus ကို ခဏတာအနားပေးထားတာဖြစ်ကြောင်း၊ ပရိသတ်တွေ ကွင်းထဲ ပြန်ရောက်တဲ့ တစ်ရက်မှာတော့ ကွင်းထဲမှာ Gunnersaurus လာဘ်ကောင်အရုပ်ကို ပြန်တွေ့ရပါစေမယ်ဆိုတဲ့အကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

READ
စက်ဘီးပြိုင်ပွဲမှာရှေ့ဆုံးကဦးဆောင်နေပေမဲ့ ဗိုက်နာလို့လမ်းဘေးမှာကိစ္စရှင်းခဲ့ရသူ

Pyi Hein Kyaw

SHARE