မူးယစ်ဘုရင် Pablo Escobar ရဲ့စိတ်ဝင်စားဖို့ဖွယ်ကောင်းတဲ့ အချက် (၈) ချက်

Pablo Escobar (ပါဘလို အက်စ်ကိုဘာ) သေဆုံးတာအခုဆို ရာစုနှစ်(၂)စု၊ နှစ်(၂၀) ကျော်လောက်တောင်ရှိနေပေမယ့်လည်း Pablo Escobar ဆိုတာနဲ့ လူသိနေဆဲပါပဲ။ ဝတ္ထုတွေ၊ စာစောင်တွေ နဲ့ ဂျာနယ်တွေ၊ သီချင်းတွေထဲမှာတောင် သူ့ကြောင်းနဲ့သူ့ပုံတွေ ပလူပျံတဲ့အထိ Pablo Escobar ဆိုတာ ကျောဇောနေတုန်းသူတစ်ယောက်ပါ။

Business Insider

Pablo Escobar ကို ဒီဇင်ဘာ (၁) ရက်နေ့ (၁၉၄၉) ခုနှစ်တုန်းက ရီရိုနီဂရို၊ ကိုဘံဘီယာမှာ မွေးခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ (၁၉၉၃) ခုနှစ်မှာ အသုတ်သင်ခံခဲ့ရပါတယ်။ သူ့ကိုမွေးမွေးပြီးချင်းမှာပဲ တစ်မိသားစုလုံး Medellín ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ အန်ဗီဂါဒိုကို ပြောင်းနေခဲ့ပါတယ်။ Pablo Escobar ဟာ ကိုလံဘီယာက အင်အားအကြီးဆုံး ရာဇဝတ်ကောင်တစ်ဦးဖြစ်ပြီး Medellín ဂိုဏ်းခေါင်းဆောင်၊ (၁၉၈၀) နဲ့ (၁၉၉၀) ခုနှစ်များဆီက ကမ္ဘာ့အင်အားအကြီးဆုံး မူးယစ်ဖြန့်ချီသူတစ်ဦးပါ။

အာဏာရှိလာပုံ

Colombia Reports

Escobar ဟာ ဖခင်လယ်သမားနဲ့ မိခင်ဆရာမတို့ရဲ့ သားပဲဖြစ်ပါတယ်။ ဒုစရိုက်မှုတွေကို ဆယ်ကျော်သက်အရွယ်ကတည်းက စတင်လုပ်ခဲ့တာပါ။ မှတ်တမ်းတချို့အရ သူ့ရဲ့ပထမဦးဆုံး တရားမဝင်လုပ်ငန်းက ဘွဲ့အတုလုပ်ပြီးရောင်းတာပါ။ နောက်တော့ report card အတူတွေလုပ်ရောင်းတယ်၊ stereo ပစ္စည်းတွေနဲ့ အုတ်ဂူတွေဖော်ပြီး အလောင်းကပစ္စည်းတွေ ချွတ်ယူပြီးရောင်းတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ကားခိုးမှုများစွာနဲ့ (၁၉၇၄) ခုနှစ်မှာ ပထမဦးဆုံး အဖမ်းခံခဲ့ရပါတယ်။ နောက်ဆံုးတော့ မူးယစ်ဆေးရောင်းသူဖြစ်လာပြီး (၁၉၇၀) နှစ်လယ်ပိုင်းလောက်မှာ Medellín ဂိုဏ်းဖွဲ့ဖို့ ဒုစရိုက်အဖွဲ့သားတွေ ရှာဖွေစုဆောင်းခဲ့ပါတယ်။

ဝင်ငွေအခြေအနေ

pablo-escobar-and-gustavo-gaviria_allthatsinteresting

အခုလိုအာဏာလေးနည်းနည်းရှိလာတာနဲ့အမျှ Medellín ဂိုဏ်းဟာ ကိုကင်းရောင်းဝယ်ဖောက်ကားမှုတွေ အကြီးအကျယ်လုပ်ပြီး တစ်ပတ်ကို အဲဒီခေတ်အဲဒီအခါက ဒေါ်လာ သန်း (၄၂၀) လောက်အမြတ်တွေရပြီး သူ့ကိုကမ္ဘာ့အချမ်းသာဆုံးလူသား ဖြစ်စေခဲ့ပါတယ်။ ဝင်ငွေများလာတာနဲ့အမျှ နေမှုထိုင်မှုတွေကိုပါ ပြောင်းလဲပစ်လာပါတော့တယ်။ ကိုယ်ပိုင်လေယာဉ်တွေ ဇိမ်ခံအိမ်ကြီးတွေနဲ့ ပါတီပွဲအကောင်းစားတွေပေါ့။ နိုင်ငံရဲ့အကြွေး (၁၀) ဘီလီယံကိုတောင် ဆပ်ပေးဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ နောက်တစ်ခုက (၁၉၉၂-၉၃) လောက်က သူတို့ မိသားစုတွေအဖမ်းအဆီးတွေကနေ ရှောင်ပြေးနေတုန်း သမီးဖြစ်သူက ချမ်းလို့ဆိုပြီး ဒေါ်လာ (၂) သန်း ပိုက်ဆံပုံကြီးကို မီးလှုံဖို့ မီးရှို့ပေးခဲ့တာတွေလည်း ကြားဖူးမှာပါ။ ဝင်ငွေနဲ့လိုက်ပြီး ငွေမသုံးနိုင်တော့ သိုလှောင်ရုံတွေနဲ့ လယ်ကွက်တွေထဲမှာတောင် ငွေတွေကို သိမ်းထားရပါတယ်။ နှစ်စဉ်ဝင်ငွေရဲ့ ၁၀%လောက်က ကြွက်ကိုက်တာတို့ သဘာဝဘေးကြောင့်တို့ ဒါမှမဟုတ် အသလွတ်ကြီး ပျောက်ပျောက်သွားတတ်ပါတယ်လို့လည်း သိရပါတယ်။

Hacienda Nápoles

Business Insider

Escobar ဟာ ချမ်းသာတာနဲ့အမျှ မြေတွေခြံတွေ အိမ်တွေလည်း ပေါများသူတစ်ဦးပါ။ သူ့အိမ်တွေထဲက ဧက(၇၀၀၀)လောက်ရှိတဲ့ Hacienda Nápoles ဥယျာဉ်ကြီးပါပဲ။ ဘောလုံးကွင်းတွေ၊ ဒိုင်နိုဆောရုပ်တွေ၊ လူလုပ်ရေကန်တွေ၊ ကျွဲရိုင်းသတ်ကွင်းတွေလည်း ပါဝင်ပါတယ်။ ကားစုဆောင်းတဲ့ နေရာတွေကတော့ ပြိုင်ဘက်ဂိုဏ်းတွေရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ လေယာဉ်ရပ်တဲ့နေရာတွေ တင်းနစ်ကွင်းတွေနဲ့ နောက်ပိုင်းမှာ တိရိစ္ဆာန်ရုံတွေပါ ထည့်သွင်းတည်ဆောင်ခဲ့ပါတယ်။ အဝင်ဂိတ်ဝကိုတော့ လေယာဉ်တစ်စီးတင်ထားပါတယ်။ နောက်ပိုင်းတော့ Hacienda Nápoles ဟာ အခုတော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လေ့လာစရာနေရာအဖြစ် တည်ရှိနေပါတယ်။

READ
သက်ရှိ မျိုးစိတ်(၅)မျိုးရဲ့ မျိုးတုန်းပျောက်ကွယ်သွားခဲ့ရတဲ့ အကြောင်းအရင်းများ

Escobar (သို့မဟုတ်) တောဘုရင်

Steemit

Escobar ရဲ့ ကိုယ်ပိုင်တိရိစ္ဆာန်ရုံမှာ တောရိုင်းအကောင်ရေ (၂၀၀) နီးပါးရှိခဲ့ပါတယ်။ ဆင်တွေ၊ ငှက်ကုလားအုတ်တွေ၊ မြင်းကြားတွေ၊ ကုလားအုတ်တွေနဲ့ သစ်ကုလားအုတ်တွေပါ ပါဝင်ပါတယ်။ ဆေးတွေတရား မဝင်တင်သွင်းရင်း ဒီတိရိတ်စ္ဆာန်တွေကိုပါ မှောင်ခိုသွင်းတာပဲဖြစ်တယ်။ (၁၉၉၃)ခုနှစ် မှာ Escobar သေသွားတော့ တိရိစ္ဆာန်အားလုံးနီးပါး နိုင်ငံက တိရိစ္ဆာန်ရုံတွေဆီအပို့ခံခဲ့ရပေမယ့် အကြောင်းရင်းမယ်မယ်ရရ မသိရဘဲ ရေမြင်း(၄)ကောင်ကိုတော့ ချန်ထားခဲ့တယ်။ ချန်ထားခံခဲ့ရတဲ့ ရေမြင်းတွေ မျိုးပွားရင်း၊မျိုးပွားရင်းနဲ့ပဲ (၂၀၁၆) အရောက်မှာတော့ အကောင်ရေ (၄၀)လောက် ဖြစ်လာခဲ့တယ်။ အရင်ကတည်းက ရေမြင်းတွေဟာလည်း သားရိုင်းထဲမှာပါဝင်ပြီး အနီးအနားမှာရှိတဲ့ လယ်မြေတွေနဲ့ ဒေသခံတွေကို ဖျက်ဆီးခြောက်လှန့်ကုန်တော့ ရေမြင်းအကောင်ရေ လျှော့ချဖို့အတွက် အာဏာပိုင်တွေကနေ ရေမြင်းအဖိုတွေကို သင်းကွပ်ဖြစ်ခဲ့ရပါတယ်။

Robin Hood ခေါ် ငတပ်ပြား

Business Insider
allthatsinteresting

ကိုလံဘီယာသားတွေရဲ့ထောက်ခံမှုကို လိုချင်တဲ့အတွက်ကြောင့်လားဆိုတာ မသိပေမယ့် Escobar ရဲ့ ပရဟိတလုပ်ငန်းတွေကြေင့် နိုင်ငံတစ်လွှား လူသိများလာခဲ့ပါတယ်။ မကောင်းတာလုပ်ပြီး မရှိဆင်းရဲတွေနဲ့ လိုအပ်တဲ့နေရာမှာ အားတက်သရော ပြန်ကူညီတတ်တဲ့ Robin Hood လိုမျိုးပဲမို့ Robin Hood လို့နာမည်တွင်လာခဲ့တာပါ။ ဆေးရုံတွေဆောက်ပေးတယ်၊ အားကစားကွင်းတွေဆောက်တယ်၊ အိမ်ယာမဲ့တွေနဲ့ မတတ်နိုင်သူတွေဖို့ အိမ်တွေယာတွေဆောက်ပေးတယ် စသည်ဖြင့်ပေါ့။ ပြည်တွင်းက ဘောလုံးအသင်းတွေကိုပါ အထောက်အပံ့ပေးသေးတယ်။ သူ့ရဲ့ပရဟိတထောက်ပံ့တဲ့လုပ်ငန်းတွေကို (၁၉၈၂) ခုနှစ် ညီလာခံမှာ နေရာတစ်နေရာစာ ရွေးကောက်ခံခဲ့ရတုန်းက လူတွေသိအောင် ပြသခြင်းခံခဲ့ရပါတယ်။ ရွေးကောက်ခံရပြီး နှစ်နှစ်အကြာမှာတော့ သူ့ရဲ့ဒုစရိုက်မှုတွေကို ဖော်ထုတ်ဖို့ရည်ရွယ်တဲ့ လှုပ်ရှားမှုတစ်ခုကြောင့်ပဲ နှုတ်ထွက်ဖို့ အတင်းစေခိုင်းခံခဲ့ရပါတယ်။ နောက်တော့ Escobar ကိုနှုတ်ထွက်ဖို့ တွန်းအားပေးခဲ့တဲ့ ဝန်ကြီး အသတ်ခံခဲ့ရပါတယ်။

Plata o Plomo, တံစိုးလက်ဆောင် နှင့် ကျည်ဆန်အရှုပ်တော်ပုံများ

Entity Mag

Plata o Plomo ဆိုတာ ငွေ(တံစိုး) ဒါမှမဟုတ် ကြေး(ကျည်ဆန်) လို့အဓိပ္ပာယ်ရပြီး တံစိုးယူမလား အသတ်ခံမလားဆိုတဲ့ နည်းလမ်းဟာ Escobar ကျင့်သုံးတဲ့နည်းလမ်းပါပဲ။ လက်ရှိကိုသာကြည့်ပြီး ရည်ရှည်ကိုမတွေးတတ်ဘဲ သိပ်ရက်စက်တဲ့လူတစ်ယောက်အဖြစ်လဲ ကျော်ကြားခဲ့ပါတယ်။ မှတ်တမ်းတွေအရ လူအယောက် (၄,၀၀၀) ကျော်လောက်ကို ဒီပြဿနာကြောင့်ပဲ သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သတ်ပစ်ခဲ့တဲ့အထဲမှာ ရဲတွေ အစိုးရဝန်ထမ်းတွေပါ ပါဝင်ပါတယ်။ (၁၉၈၉) ခုနှစ်မှာ Escobar ရဲ့ ဂိုဏ်းဟာ သတင်းပေးသူတွေ လိုက်ပါစီးနင်းလာတဲ့ လေယာဉ်ဗုံးပေါက်ကွဲခဲ့မှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ လူအယောက် (၁၀၀) ထက်မနည်း သေဆုံးခဲ့ပါတယ်။

Escobar ရဲ့ ဇိမ်ခံကိုယ်ပိုင်ထောင် La Catedral

hombresbienmachos.com

(၁၉၉၁) ခုနှစ်မှာပဲ ထူးထူးဆန်းဆန်း Escobar ဟာ နိုင်ငံရဲ့အာဏာပိုင်တွေဆီမှာ အဖမ်းခံဖို့ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ထောင်ကို ဆောက်ခွင့်ပေးမယ် ဆိုရင်ပေါ့။ အံ့ဩစွာနဲ့ပဲ ကိုလံဘီယာအာဏာပိုင်တွေကလည်း လက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ ကိုယ်ပိုင်ထောင်ဖြစ်ရုံတင်မက ဇိမ်ခံအိမ်လို့ခေါ်လည်း မမှားတဲ့ La Catedral ကို ဆောက်ခဲ့ပါတယ်။ အဆောက်အဦထဲမှာ နိုက်ကလပ်တွေ၊ ချွေးထုတ်ခန်းတွေ၊ လူလုပ်ရေတံခွန်တွေနဲ့ ဘောလုံးကွင်းတွေတောင် ပါ,ပါသေးတယ်။ သာမန်ထောင်အခန်းမှာ ယူခွင့်မရှိတဲ့ တယ်လီဖုန်း၊ ကွန်ပြူတာနဲ့ fax ပို့တဲ့စက်တွေတောင် ပါပါသေးတယ်။ အခုလိုနေတာကို အာဏာပိုင်တွေခွင့်ပြုထားပေမယ့် သူ့ရဲ့ဂိုဏ်းသားနှစ်ယောက်ကို ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ပစ်ခဲ့တဲ့နောက်တော့ အာဏာပိုင်တွေက နေခွင့်မပြုတော့ဘဲ သာမာန်ထောင်ရဲ့ အထူးခန်းလို နေရာမျိုးမှာ ပြောင်းနေစေခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အပြောင်းရွှေ့ မခံခင်မှာဘဲ (၁၉၉၂) ခုနှစ်မှာ Escobar ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့။

READ
ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဆိုဗီယက်အမျိုးသမီးလေသူရဲများ

မူးယစ်ဘုရင်ရဲ့နောက်ဆုံးထွက်သက်

Business Insider

ထွက်ပြေးလွတ်မြောက်အပြီးမှာပဲ ကိုလံဘီယာအစိုးရဟာ အမေရိကန်အစိုးရနဲ့ ပြိုင်ဘက်မူးယစ်ကုန်ကူးတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ပိုက်စိပ်တိုက် ရှာဖွေခဲ့တာကို ကူညီခဲ့ပါတယ်။ (၁၉၉၃) ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ Escobar ရဲ့ (၄၄) နှစ်မြောက်မွေးနေ့မှာ ကိတ်မုန့်တွေ၊ ဝိုင်တွေ၊ ဆေးခြောက်တွေနဲ့ မွေးနေ့ပွဲဆင်နွှဲပစ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာပဲ Medellín မှာရှိတဲ့ ပုန်းခိုရာနေရာကို သိသွားခဲ့ပြီး အုံလိုက်ကျင်းလိုက် ဝင်ဖမ်းရာ Escobar နဲ့ သူ့ရဲ့သက်တော်စောင့်နဲ့ ခေါင်းမိုးပေါ်ကိုအတက် ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာကြောင့်ပဲ နေရာမှာတင်သေဆုံးသွားခဲ့ပါတော့တယ်။

Business Insider

ခန့်မှန်းသုံးသပ်ချက်အရတော့ Escobar ဟာ တမင် အသတ်ခံပေးလိုက်တာ ဖြစ်နိုင်တယ်လို့ပဲဖြစ်တယ်။ သူဟာ အမေရိကန်တွေဆီမှာသာ အဖမ်းလိုက်ရလျှင် အမေရိကန်တွေက သူတို့နိုင်ငံထဲကိုခေါ်ပြီး Escobar ကို တရားဥပဒေအရ အပြစ်ပေးမှာဖြစ်တဲ့အတွက် သူပြောပြောနေကျ “သူများနိုင်ငံမှာ အကျဥ်းအကျခံမယ့်အစား ကိုယ့်မြေမှာပဲကိုယ်ခေါင်းချပစ်လိုက်မယ်” ဆိုတဲ့အတိုင်း တမင်အသတ်ခံတာဖြစ်ကြောင်း လူတော်တော်များများကတော့ ယုံကြည်နေကြပါတယ်။ အလောင်းကို Escobar ရဲ့ အမေနဲ့ မိန်းမတို့ဆီပြန်ပို့တဲ့အခါမှာ သေစေတဲ့ဒဏ်ရာဟာ သေနတ်နဲ့ဦးခေါင်းကို ပစ်ဖောက်လိုက်တဲ့ဒဏ်ရာဖြစ်ပြီး လိုက်လံဖမ်းဆီးသူတွေရဲ့ (၃) ပေအကွာက သေနတ်ဒဏ်ရာကတော့ မသေစေနိုင်တဲ့ ကိုယ်ခန္ဓာရဲ့တစ်နေရာမှာ ရှိနေတယ်ဆိုပြီးလည်း သတင်းတွေထွက်ခဲ့ပါတယ်။ Escobar ရဲ့ဖမ်းဆီးမှုမှာ ဘာလို့ အမေရိကန်အစိုးရပါလာခဲ့သလဲဆိုတာကတော့ နိုင်ငံဝင်ငွေအရ အရေးနိမ့်နေတဲ့အတွက်ကြောင့်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ Escobar ရဲ့ မူးယစ်ကုန်ကူးရောင်းဝယ်ဖောက်ကားမှုဟာ ကိုလံဘီယာပြည်တွင်းမှာသာမက ပြည်ပအထိပါ တင်သွင်းနေတဲ့အတွက် ပြည်ပဝင်ငွေတွေဟာ ကိုလံဘီယာပြည်တွင်းထဲကို ရောက်သင့်တာထက်ပိုပြီး ရောက်နေတဲ့အတွက် အမေရိကန် ဒေါ်လာတွေဟာ Escobar လက်ထက်မှာ အဆမတန်တိုးပွားခဲ့ပါတယ်။

Business Insider

Escobar အကြောင်း စာပေနဲ့ရုပ်ရှင်များ

Publo Escobar ဟာ ခေတ်နှစ်ခေတ်လောက်မှာ ထင်ရှားကြော်ဇောတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် လူတွေရဲ့ပါးစပ်ဖျားမှာ အခုအချိန်ထိကို ရေပန်းစားနေတုန်းပါပဲ။ သူနဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေ ဆောင်းပါးတွေနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေလည်း အတော်ကို များများပြားပြား ထွက်ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ သားတစ်ယောက်နေရာက ရှုထောင့်မျိုးနဲ့ Publo Escobar ရဲ့သားဖြစ်သူ Juan Publo Escobar ရေးထားတဲ့ စာအုပ်ရယ် စိတ်ဝင်စားရင် ကြည့်ရှုဖို့ ထင်ရှားတဲ့ ရုပ်ရှင်တချို့ရယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Facebook / June Pablo Escobar, Publo Escobar : My Father
Living Publo_IMDb
Narcos(2015-2017)_Netflix_Series_IMDb

စာပေနဲ့ရုပ်ရှင်တွေမှာသာမက အသုံးအဆာင်တွေနဲ့ အကျီင်္တံဆိပ်ရိုက်ကာ brand တော်တော်များများကလည်း စီးပွားအဖြစ်ထုတ်လုပ်တာတွေ ရှိနေခဲ့ပါတယ်။ Street wear brand တစ်ခုဖြစ်တဲ့ DGK မှာပါတဲ့ Publo Escobar ရဲ့ပုံရိပ်ပါ။

DGK/The Boss Black T-Shirt

Source : Encyclopaedia Britannica

Penny

SHARE