ConorMcGregor နဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Pacquiao

[email protected] thenotoriousmma [email protected] mannypacquiao

Pacquiao ကိုတော့ လက်ဝှေ့ပရိသတ်တော်တော်များများ သိကြမှာဖြစ်သလို UFC ရဲ့ နာမည်ကြီးကစားသမား ConorMcGregor ကိုလည်း UFC ပရိသတ်တိုင်း သိကြပြီး ဖြစ်မှာပါ။ McGregor ဟာ မကြာခင်အချိန်အတွင်းက UFC လောကကနေ အနားယူလိုက်ပြီဆိုတဲ့အကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပေမယ့် တစ်ကယ့်လက်တွေ့မှာ အနားမယူခဲ့ပဲ အခုလို စိန်ခေါ်ထိုးသတ်ပွဲကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ စိန်ခေါ်ထိုးသတ်ပွဲကို အရှေ့အလယ်ပိုင်းဒေသမှာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ထိုးသတ်မှာဖြစ်ကြောင်း တရားဝင် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Look around you – make sure you count what you see, and not what you lack.

A post shared by Manny Pacquiao (@mannypacquiao) on

 

View this post on Instagram

 

Lats on lats @mcgregorfast

A post shared by Conor McGregor Official (@thenotoriousmma) on

McGregor ဟာဆိုရင်လည်း မကြာသေးခင်အချိန်က UFC လောကကနေ အနားယူခဲ့ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ကြေညာခဲ့ပေမယ့် သူ့ရဲ့ ပရိသတ်တွေကတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ McGregor တစ်ယောက်ဟာ ဒီတစ်ကြိမ်နဲ့ဆို လေးနှစ်အတွင်းမှာ အနားယူတော့မယ်လို့ ထုတ်ပြန်ခဲ့တာ ၃ ခါမြောက်ရှိနေပြီပဲ ဖြစ်လို့ပါပဲ။ ဒီတစ်ခေါက်အနားယူခဲ့တဲ့ အကြောင်းအရင်းကိုတော့ တရားဝင်ပြောကြားခြင်း မရှိခဲ့ပေမယ့် လက်ရှိမှာတော့ အကုန်လုံးထင်တဲ့အတိုင်း အနားမယူခဲ့ပဲ Pacquiao နဲ့ ထိုးသတ်တော့မှာပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော်ဖြစ်သူ Pacquiao ကတော့ သူ့အနေနဲ့ ဒီစိန်ခေါ်ထိုးသတ်ပွဲမှာ ရရှိမယ့် အမြတ်အစွန်းတွေအားလုံးကို COVID 19 ကပ်ရောဂါကြောင့် ဒုက္ခရောက်ခဲ့တဲ့သူတွေကို အကူအညီပေးဖို့ လှူဒါန်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

READ
ဆာဟာရကန္တာရမှာ နှစ်(၄၀)အတွင်း မကြုံစဖူး နှင်းတွေ ဖွေးနေအောင်ကျဆင်း

 

 

View this post on Instagram

 

Practice doesn’t make perfect, Practice makes progress. Strive to make progress in everything you do in life!

A post shared by Manny Pacquiao (@mannypacquiao) on

“ကျွန်တော်ကတော့ လာမယ့်နှစ်အတွင်း McGregor နဲ့ ထိုးသတ်မယ့်ပွဲစဉ်က ရရှိမယ့် အမြတ်အစွန်းအားလုံးကို COVID 19 ဒုက္ခသည်တွေကို လှူဒါန်းသွားမှာပါ။ အဲဒီပွဲစဉ်ကတော့ အရှေ့အလယ်ပိုင်းဒေက တစ်နေရာရာမှာ ထိုးသတ်မှာပဲ ဖြစ်ပါတယ်။ McGregor ကတော့ ကျွန်တော့်အွက် ပြိုင်ဖက်ကောင်းတစ်ယောက်ပါပဲ။ ကျွန်တော့်ပရိသတ်တွေ စိတ်မပျက်အောင် ကျွန်တော်အနေနဲ့ကတော့ အစွမ်းကုန် ထိုးသတ်သွားမှာ ဖြစ်ပါတယ်”လို့ Pacquiao က ပြောကြားခဲ့ကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

READ
အနောက်တိုင်းဒဏ္ဍာရီထဲက နတ်သူငယ်နဲ့တူချင်လို့ (£25,000) အကုန်အကျခံခဲ့သူ

 

Pyi Hein Kyaw

SHARE