လက်ဝှေ့ကျော် Pacquiao ရဲ့ လာဘ်ကောင်ခွေးလေး ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရ

[email protected]

ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ဝှေ့ကျော် Pacquiao ကိုတော့ လက်ဝှေ့ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ WBC(World Boxing Champion) တစ်ဦးဖြစ်တဲ့ Pacquiao ဟာ လက်ဝှေ့ထိုးတဲ့ နေရာမှာလည်း အင်မတန် တော်သလို ခွေးချစ်တဲ့ တိရစ္ဆာန်ချစ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်အချိန်က သူ့ရဲ့ အချစ်တော်ခွေးကလေး Jack Russell Terrier လေးဟာ ကားတိုင်ခံရပြီး သေဆုံးသွားကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

#PACMAN

A post shared by Manny Pacquiao (@mannypacquiao) on

Pacquiao ဟာ Jack လေးကို တော်တော်ချစ်ရှာပါတယ်။ ပြီးတော့ Jack လေးဟာ သူ့ရဲ့ အချစ်တော် ခွေးကလေးတစ်ကောင်ဖြစ်ရုံသာမက Pacquiao ရဲ့ လာဘ်ကောင်လေးလို့ လဲ ပြောလို့ရပါတယ်။ သူထိုးတဲ့ လက်ဝှေ့ပွဲမှန်သမျှ Jack လေးကို ခေါ်သွားလေ့ ရှိတဲ့အပြင် ဘယ်နေရာကိုသွားသွား Jack လေးကို အမြဲခေါ်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်အချိန်မှာတော့ Jack လေးဟာ Pacquiao ရဲ့ တပည့်တစ်ယောက်ကြောင့် ကားတိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရကြောင်း သိရပါတယ်။

View this post on Instagram

Jogging this morning. Now gym time

A post shared by Manny Pacquiao (@mannypacquiao) on

David Sisson လို့ အမည်ရတဲ့ Pacquiao ရဲ့ တပည့်ဟာ အဆိုပါနေ့က ကားကို ကားဂိုထောင်ထဲကနေ နောက်ဆုတ်ပြီး ထုတ်ခဲ့ပါတယ်။ အဲဒီအချိန် အဆိုပါကားရဲ့အနောက်မှာ Jack လေး ရှိနေခဲ့ပါတယ်။ Jack လေးက တောက်လျှောက်ဟောင်နေခဲ့ပေမယ့် David က တော့ ကားမှန်ပိတ်ထားတာကြောင့် မကြားခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ ကားနောက်ဆုတ်လိုက်တဲ့အချိန်မှာ David ဟာ Jack လေးကို တိုက်မိခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ Jack လေး သေဆုံးသွားခဲ့ပါတယ်။

View this post on Instagram

Meet my dog, "PACMAN"

A post shared by Manny Pacquiao (@mannypacquiao) on

“ကျွန်တော်ကတော့ David အပြစ်လို့တော့ မမြင်ပါဘူး။ သူလဲ တစ်ကယ်မမြင်လို့ ဝင်တိုင်မိခဲ့တာပါ။ ပြီးတော့ Jack လေးက အသက် ၄ နှစ်အရွယ်ကနေ ၇ နှစ်အရွယ်သားဆိုရင် ဒီဒဏ်ကို သူခံနိုင်ပါတယ်။ အခုဆိုရင် Jack လေးက အသက် ၁၄ နှစ် ရှိနေပြီလေ။ ရောဂါဒဏ်ကို ဘယ်လိုမှ မခံနိုင်လောက်အောင် သူအသက်ကြီးနေပါပြီ။ သူ့အလောင်းကို ကျွန်တော်တို့ခြံထဲမှာပဲ မြှုပ်ခဲ့ပါတယ်။ စိတ်ထဲမှာတော့ အရမ်းကို စိတ်မကောင်း ဖြစ်ရပါတယ်” လို့ Pacquiao က ပြောကြားခဲ့ပါတယ်။

READ
ခေါင်းဖြတ်ထားတဲ့ ခလောက်မြွေက ပြန်ကိုက်လို့ သေမလိုဖြစ်ခဲ့ရတဲ့ အမျိုးသား

Pyi Hein Kyaw

SHARE