အွန်လိုင်းမှာဖျားယောင်းသွေးဆောင်ပြီး အပြင်မှာခေါ်တွေ့ကာအဓမ္မပြုကျင့်ခဲ့သူ ထောင်ဒဏ်၁၁နှစ်ကျ

အသက် ၃၅နှစ်အရွယ် Nana Baafi ဆိုသူဟာ အသက်၁၅နှစ်အရွယ်မိန်းကလေး တစ်ယောက်ကို အွန်လိုင်း
မှာ ဖျားယောင်းသွေးဆောင်ပြီး အပြင်မှာတွေ့ဖို့ချိန်းခဲ့ပါတယ်။ ထိုကောင်မလေးကနောက်ဆုံး သဘောတူပြီး
အပြင်မှာတွေ့တဲ့ အခါမှာတော့ အဓမ္မပြုကျင့်ခဲ့ပါတယ်။

Nana Baafi ဟာ ထိုကောင်မလေး အသက်၁၅နှစ်ပဲရှိသေးတာကို သိသိနဲ့ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လ
အတန်ကြာ အွန်လိုင်းကနေ ထိုမိန်းကလေးကို ချီးကျူးမှုတွေနဲ့ ဖျားယောင်းနေခဲ့ပါတယ်။ အပြင်မှာမျက်နှာ
ချင်းဆိုင်တွေ့ဖို့လည်း အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

Baafi ကတော့ မဒိန်းမှု၊အသက်မပြည့်သော မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စတာတွေနဲ့ စွဲချက်
တင်ခဲ့ပြီး သောကြာနေ့က ထောင်ဒဏ် ၁၁နှစ်ချမှတ်ခဲ့ပါတယ်။ မိန်းကလေးတွေအနေနဲ့ အွန်လိုင်းမှာ အယုံ
အကြည်မလွန်ကဲဖို့ အခုအမှုက သင်ခန်းစာဖြစ်ခဲ့ပါတယ်။

Myanmar Online Media

Source: mirror.co.uk

SHARE