ပရိသတ်တွေကို အမိုက်စား Golf Lesson တွေ ပို့ချပေးခဲ့တဲ့ အမျိုးသမီး Golfer

[email protected] _paige.renee

Golf ရိုက်တယ်ဆိုတာ များသောအားဖြင့် ယောက်ျားလေးတွေ ရိုက်ကြတာများပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အမျိုးသမီး Golfer တွေလည်း တဖြည်းဖြည်းနဲ့ များလာပြီပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသမီး Golfer ကတော့ Golf ရိုက်နည်း Trick shot တွေကို အွန်လိုင်းကနေ သင်ကြားပေးနေတာကြောင့် Instagram မှာ နာမည်ကြီးနေတဲ့ Paige Renee Spiranac လို့ အမည်ရတဲ့ အမျိုးသမီး Golfer တစ်ယောက်ပဲ ဖြစ်ပါတယ်။ Paige ဟာ အမိုက်စား Golf ရိုက်နည်းတွေကြောင့် နာမည်ကြီးသလို သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ပုံစံကြောင့်လည်း ပုရိသ အမျိုးသားတွေကြားမှာ တော်တော်လေးနာမည်ကြီးနေကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

View this post on Instagram

 

Happy Sunday!

A post shared by Paige Spiranac (@_paige.renee) on

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paige ဟာ Cactus Tour ကို တည်ထောင်ထားတဲ့ Golfer တစ်ယောက်ဖြစ်သလို ၂၀၁၅ ခုနှစကတည်းကစပြီး ပရော်ဖက်ရှင်နယ် Golfer တစ်ယောက် ဖြစ်လာခဲ့တာပါ။ဒါ့အပြင် Instagram မှာ Follower ၃ သန်းနီးပါးရှိတဲ့ Paige ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အမျိုးသမီး Golfer တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် Pagie ဟာ ကျွင်းတစ်ကျွင်းထဲကို Golf သီးဝင်အောင် အမြန်ဆုံးဘယ်လိုရိုက်ရမလဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူမရိုက်ပြတဲ့ အမိုက်စား Trick shot တွေကြောင့် နာမည်ကြီးနေတယ်ဆိုလည်း မမှားပါဘူး။

 

 

View this post on Instagram

 

If you want to win a live virtual lesson with me and new set of clubs then keep on reading! So @18Birdiesapp came out with this really awesome tool to help you work on your golf swing and improve your game! It’s called the AI Coach, and you can use it anywhere, so it’s perfect for practicing at home (like in the garage!) or range or where you have some space to swing! All you need to do is download 18Birdies and use the new AI Coach tool. Analyze your swing using the AI Coach and share your swing video (with the AI Coach graphics) by posting it to Instagram and tagging me and @18birdiesapp and hashtag #PlayBetterGolf. I’ll choose 5 winners to get a 1 on 1 virtual coaching session with me or a lesson plan using your results from the AI Coach where we can chat about golf, life, and I’ll try not to roast your swing too bad! Plus, one lucky winner out of the 5 will win a custom fitting from @ClubChampion! Let’s get you in shape to play your best golf when you get back out on the course. Link in bio to download!

A post shared by Paige Spiranac (@_paige.renee) on

“အဓီကကတော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ဒီကျွင်းထဲ ဘယ်လိုနည်းနဲ့ ဝင်အောင်ရိုက်ရမလဲဆိုတာကို သေသေချာချာ စဉ်းစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနည်းတွေကိုတော့ ကျွန်မ Instagram အကောင့်မှာ “Quickies with Paige”လို့ အမည်ရတဲ့ စီးရီးတွေမှာ လေ့လာနိုင်ပါတယ်။ ဒီလိုနည်းတွေကို ရိုက်နိုင်တယ်ဆိုတာကလည်း ကျွန်မအဖေကြောင့်ပါ။ ကျွန်မအဖေက ပရော်ဖက်ရှင်နယ် Golfer တစ်ယောက်ဖြစ်ပြီး ကျွန်မ ၈ နှစ်သမီး အရွယ်ကတည်းက Golf ရိုက်နည်း ပေါင်းစုံကို သင်ပေးထားခဲ့တယ်။ ပြီးတော့ ကျွန်မတို့အိမ်က Golf ကွင်းအစပ်နားမှာ ဆောက်ထားတာဆိုတော့ အဖေနဲ့ အမြဲလိုလို Golf အတူတူ ရိုက်ဖြစ်နေပါတယ်”လို့ Paige က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Game face before shot and face after a solid shot How far do you hit your 8 iron?

A post shared by Paige Spiranac (@_paige.renee) on

Pyi Hein Kyaw

SHARE