ဂေါ့ဖ်ရိုက်နည်းသိချင်လို့ သူမကို တွဲခဲ့တဲ့ ရည်းစားတွေ ရှိခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ အမျိုးသမီး

[email protected]_paige.renee

ပရော်ဖက်ရှင်နယ်ဂေါ့ဖ်ရိုက်မျိုးသမီးတစ်ဦးဖြစ်တဲ့ Paige Spiranac ကိုတော့ ဂေါ့ဖ်ရိုက်ဖူးတဲ့သူ တော်တော်များများသိကြမှာပါ။ အမျိုးသားဂေါ့ဖ်ရိုက်သူတွေထဲမှာ တိုက်ဂါးဝုဒ်က နာမည်ကြီးသလို အမျိုးသမီးဂေါ့ဖ်ရိုက်သူတွေထဲမှာတော့ Paige ကတော့ နာမည်ကျော်တစ်ဦး ဖြစ်ပါတယ်။ အခုတော့ Pagie ဟာ အရင်တုန်းက သူမတွဲခဲ့တဲ့ အမျိုးသားတော်တော်များများဟာ သူမကို တကယ်ချစ်လို့မဟုတ်ပဲနဲ့ ဂေါ့ဖ်ရိုက်နည်းတွေ သိချင်ရုံသက်သက်နဲ့ တွဲခဲ့ကြတာဖြစ်တယ်လို့ ဖွင့်ပြောခဲ့ကြောင်း News.com.au သတင်းဌာနရဲက ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Happy Sunday!🥰

A post shared by Paige Spiranac (@_paige.renee) on

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paige ဟာ Cactus Tour ကို တည်ထောင်ထားတဲ့ Golfer တစ်ယောက်ဖြစ်သလို ၂၀၁၅ ခုနှစကတည်းကစပြီး ပရော်ဖက်ရှင်နယ် Golfer တစ်ယောက် ဖြစ်လာခဲ့တာပါ။ဒါ့အပြင် Instagram မှာ Follower ၂ သန်းကျော်ရှိနေတဲ့ Paige ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အမျိုးသမီး Golfer တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ Golf လောကမှာ အောင်မြင်ရရှိနေပြီဖြစ်တဲ့ Paige ဟာ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး။

Paige နဲ့ တွဲခဲ့ဖူးတဲ့ အမျိုးသားတော်တော်များများဟာ Paige ကို တကယ်ချစ်လို့ မဟုတ်ပဲနဲ့ Golf ရိုက်နည်းတွေ သင်ချင်ရုံသက်သက် သူမနဲ့ တွဲခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်မနဲ့ တွဲတဲ့သူတွေကတော့ အခုအချိန်ပြန်စဉ်းစားကြည့်ရင် တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ သူတွေချည်းပါပဲ။ ပြီးတော့ သူတို့က ကျွန်မကို တကယ်ချစ်ခဲ့ကြတာမှ မဟုတ်တာ။ ဂေါ့ဖ်ရိုက်နည်းတွေ သင်ချင်ရုံသက်သက်နဲ့ တွဲခဲ့တာတွေချည်းပဲ။ တစ်ယောက်ဆိုရင် စကားစပြောကတည်းက ဘယ်အချိန်ဂေါ့ဖ်ရိုက်လေ့ကျင့်မှာလဲ၊သူလဲလိုက်ချင်တယ်၊ သူ့ကိုလည်းသင်ပေးပါ အစရှိသဖြင့် တကျီကျီနဲ့ နားညဉ်းတာ။ တစ်ချိန်ကတော့ ကိုယ်နဲ့တွဲတဲ့သူက ဂေါ့ဖ်ရိုက်တာ စိတ်ဝင်စားရင် ကိုယ်ကသင်ပေးတာ ပျော်ဖို့တော်တော်ကောင်းတယ်ထင်ခဲ့တာ။ လက်တွေ့မှာတော့ တော်တော်အဆင်မပြေတာ။ တစ်ချို့ဆို အိမ်မှာလေ့ကျင့်ဖို့ဆိုပြီး ဂေါ့ဖ်တံတွေယူသွား၊ ဂေါ့ဖ်သီးတွေ ငှားသွား၊ ပြန်တောင်းတော့လည်း နေ့ရွှေ့ညရွှေ့နဲ့ ပြတ်သွားတဲ့အထိပဲ။ တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်” လို့ Paige က ပြောကြားခဲ့ပါတယ်။

View this post on Instagram

Happy Monday🤗

A post shared by Paige Spiranac (@_paige.renee) on

Pyi Hein Kyaw

SHARE