ကိုယ်ထိလက်ရောက် ညှင်းပန်းမှူထက်တောင် ကြောက်စရာကောင်းတဲ့ ၀စီအန္တရာယ်

Pexels/Craig Adderley

အမျိုးသား၊ အမျိုးသမီး (၅၀) ရာခိုင်နှူန်းခန့်ဟာ ဘ၀မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ သူတို့ပါတနာတွေဆီက စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှူတွေ ခံစားကြရပါတယ်။ အမျိုးသမီး(၂၀) ရာခိုင်နှူန်းလောက်ကတော့ သူတို့နဲ့ အရင်းနှီးဆုံးပါတနာဆီက ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှူတွေကို တွေ့ကြုံခံစားနေရတာ ဖြစ်ပါတယ်။ စစ်တမ်းတွေအရတော့ နှူတ်နဲ့ စော်ကားပြောဆိုတာဟာ ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာထက်တောင် အန္တရာယ်ရှိတယ်ဆိုတာကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

စကားနဲ့ပြောဆိုလိုက်လို့ ခံစားရတဲ့ နာကျင်မှူဟာ ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ ဒဏ်ရာမျိုးနဲ့ မတူပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေက ချက်ခြင်းပျောက်နိုင်ပေမယ့် နှူတ်နဲ့အပြောခံရတဲ့အရာမျိုးကတော့ တစ်သက်လုံးစွဲနေတတ်ပါတယ်။ ဥပမာပြောရရင် မတော်တဆ အရိုးကျိုးတဲ့အခါ ဖြစ်ပေါ်လာတဲ့နာကျင်မှူဟာ အချိန်ကြာတာနဲ့အမျှ ပျောက်ကင်းသက်သာသွားမှာဖြစ်ပေမယ့် အလုပ်မှာအဆင်မပြေတာ၊ အချစ်ရေးအဆင်မပြေတာ စတာတွေကတော့ ရင်ထဲ စိတ်နှလုံးထဲထိ အမြစ်တွယ်နေတာကြောင့် မေ့ပျောက်ဖို့ ခက်ခဲပါတယ်။

pexels/Kat Jayne

လူတစ်ယောက်ကထွက်တဲ့ နှူတ်ထွက်စကားဟာ တစ်ပါးသူရဲ့ သိက္ခာကို ထိပါးပျက်စီးစေတဲ့အပြင် ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေတောင် ရနိုင်ပါသေးတယ်။ တကယ်လို့ စာဖတ်သူဟာ အချစ်ရေးမှာ အကြမ်းဖက်ခံရတာမျိုး၊ မိသားစုတွင်းမှာ အကြမ်းဖက်ခံရတာမျိုးတွေကို ခံစားဖူးမယ်ဆိုရင် ဒီခါးသီးတဲ့ အတွေ့အကြုံတွေက ဘ၀မှာ တောက်လျှောက်လိုက်ပါနေတယ်ဆိုတာကို ငြင်းဆန်နိုင်မယ်မထင်ပါဘူး။ နှူတ်အားဖြင့် အကြမ်းဖက်တာဟာ အကြမ်းဖက်ခံရသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျက်စီးစေသလို သူ့ရဲ့မိမိကိုယ်ကို လေးစားမှူကိုပါ ပျောက်ဆုံးစေပါတယ်။

ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှူမျိုးဖြစ်တဲ့အခါ လူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတွေ ကျန်ခဲ့ပါတယ်။ ဘေးလူတွေကလည်း အကြမ်းဖက်မှူဖြစ်နေမှန်း မျက်စိရှေ့မှာ မြင်ရတာကြောင့် သိကြပါတယ်။ ဥပမာ မျက်စိရှေ့ ရိုက်နေတာ နှက်နေတာတွေ့ရင် ၀င်ပြီး ဖျန်ဖြေတာမျိုးပါ။ ဒါပေမယ့် နှူတ်နဲ့အကြမ်းဖက်မှူမျိုးကတော့ လူတိုင်းသိဖို့ မလွယ်ကူပါဘူး။ တစ်ခါတစ်လေ သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ် သူတို့ဟာ သူတစ်ပါးကို နှူတ်အားဖြင့် အကြမ်းဖက်နေတယ်ဆိုတာ၊ သူတို့စကားကြောင့် သူများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှူ အများကြီးခံစားနေရတယ်ဆိုတာကို မသိရှိကြပါဘူး။

pixels/freestocks.org

လူတစ်ယောက်ဟာ နှူတ်နဲ့ အကြမ်းဖက်ခံရတာက သိပ်များလာပြီဆိုရင် ထွက်ပေါက်ရှာပါတယ်။ ဒီထွက်ပေါက်ကတော့ အကြောင်းရင်းမရှိပဲ အစားတွေကြိုက်သလို စားတာပါ။ ကိုယ့်ကို ချစ်တဲ့သူမရှိဘူး၊ ကိုယ်ဟာ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်းမရှိဘူး၊ ကိုယ်ဟာ အသုံးမကျဘူးစတဲ့ စိတ်ရှူပ်ထွေးမှူပေါင်းများစွာဟာ အကြမ်းဖက်ခံရသူမှာ ဖြစ်လာပါတယ်။ ဒီအခါ ထိုသူဟာ အပြုအမူတွေမှားယွင်းပြီး စိတ်လွတ်လက်လွတ်စားသောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ နှူတ်အားဖြင့် အကြမ်းဖက်ခံရသူဟာ သူကိုယ်တိုင်လည်း နှူတ်ထွက်ကြမ်းသူတစ်ဦး ဖြစ်လာပါတယ်။ ဒီလိုလူမျိုးကို မိဘတော်ထားရတဲ့ ကလေးတွေဟာလည်း များသောအားဖြင့် ကြီးပြင်းလာတဲ့အခါ ရာဇ၀တ်မှူတွေ ကျူးလွန်နိုင်ခြေများတတ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ ကောင်းသော နှူတ်ထွက်စကားနဲ့ ကောင်းသောဝစီကံတွေကို ထူထောင်ကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE