ညီမဖြစ်သူရဲ့ မင်္ဂလာဂုဏ်ပြုစကားကြောင့် မျက်ရည်ကျခဲ့တဲ့ ပိုင်ဖြိုးသု

“မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းသမီးလေး ပိုင်ဖြိုးသုကတော့ မကြာခင်မှာ သူမရဲ့ ချစ်ရသူဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ နှစ်သစ်မှာ ရွှေလက်တွဲခဲ့ပါတယ်။ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးကတော့ ၀ါသနာတူ၊စိတ်တူ ကိုယ်တူ ချစ်သူတွေဖြစ်ပြီး အရမ်းကို လိုက်ဖက်ကြတဲ့ စုံတွဲလေးပါ။

ဒါရိုက်တာ ဏကြီးနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ စေ့စပ်ပွဲကိုတော့ ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ် မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်ကျော်မှာ စေ့စပ်လိုက်တာပါ။ မင်္ဂလာပွဲကိုတော့ ရန်ကုန်မြို့ ၊ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဦးအလှူအနေနဲ့ကတော့ စက်အဖွဲ့သားတွေကိုဆန်နဲ့ဆီတွေ လှူဒါန်း ခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ အနုပညာအသိုင်းအ၀ိုင်းတွေရော၊ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ပွဲကိုတော့ ပရိသတ်တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ မင်္ဂလာပွဲမှာတော့ ပိုင်ဖြိုးသုရဲ့ ညီမ နိုင်ဖြိုးသုက အစ်မဖြစ်သူ အတွက် မင်္ဂလာဂုဏ်ပြုစကားပြောခဲ့ပါတယ်။

READ
အားကစားလုပ်နေတဲ့ အမိုက်စားပုံရိပ်တွေကိုတင်လိုက်တဲ့ သင်ဇာဝင့်ကျော်

အဲ့ဒီမှာတော့ အစ်မဖြစ်သူကို အစပိုင်းတုန်းက ဒါရိုက်တာ ဏကြီးနဲ့ သဘောမတူ ခဲ့ကြောင်း၊ ချစ်သူခြင်းအဆင် မပြေဖြစ်တဲ့အချိန်တွေမှာ ရင်ဖွင့်လာတဲ့ အစ်မကို ဖြတ်ပစ်လိုက်ဖို့ တစ်ခုတည်းကိုပဲ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ အစ်မအပေါ် ချစ်ပြီး သ၀န်တိုမိခဲ့တဲ့ သူမရဲ့ အဖြူရောင်အတ္တတွေကို ရင်ဖွင့်ရင်း ကိုယ်တိုင်လည်း မျက်ရည်ကျခဲ့သလို ညီမရဲ့ စကားကြောင့် အစ်မဖြစ်သူ ပိုင်ဖြိုးသုလည်း မျက်ရည်ကျခဲ့ပါတယ်။

အစ်မရှိသူတိုင်းကို ခံစားသွားစေတဲ့ ဗီဒီယိုဖိုင်လေးပါ။

Posted by Naing Phyoe Oo on Tuesday, January 1, 2019

အစ်မရှိသူတိုင်း ခံစားသွားစေရမယ့် ဗီဒီယိုဖိုင်လေးပါ။

Source ပိုင်ဖြိုးသု

SHARE