ထူးထူးခြားခြားလေးရိုက်ကူးထားတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ pre wedding ဗီဒီယို

၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာ ရွှေလက်တွဲသွားကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ချစ်သူနှစ်ဦးကတော့ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ စုံတွဲလေးဖြစ်လို့ ပရိသတ်တွေတိုင်း အားကျရတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အနုပညာရှင်စုံတွဲပီပီ သူတို့ရဲ့ မင်္ဂလာပွဲအတွက် အကြိုရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးကိုလည်း ထူးထူးခြားခြားလေးရိုက်ကူးခဲ့ကြပါသေးတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ pre wedding ဗီဒီယိုလေးကတော့ ခပ်ဆန်းဆန်းအပြင်အဆင်လေးတွေနဲ့ကိုမှ ခေတ်ဟောင်းဆန်တဲ့ အဖြူအမဲကာလာနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အရမ်းကို လိုက်ဖက်တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့ ဗီဒီယိုလေးကို တော့ အင်တာနက်ပေါ်က ပရိသတ်တွေကလည်း အရမ်းကို သဘောကျနေကြပါတယ်။

အိုင်ဒီယာခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ရဲ့  pre wedding ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီးတော့ အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

Na Gyi & Paing Phyo Thu Pre-Wedding Video

Videographer – King,Nay AungEdited By Nay Aung Make Up & Hair – May Oo & Co Team Designer – Yone Yone & Ahlatt Stylist – Swannie Dean & Ma Thit

Posted by Life Photography on Sunday, January 13, 2019

SOurce: Life Photography

SHARE