ခင်ပွန်းဖြစ်သူနဲ့ အတူ Maldives ကို ခရီးထွက်သွားတဲ့ ပိုင်ဖြိုးသု

Image:fb/Paing Phyoe Thu

သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အခုဆိုရင် Maldives ကို ထွက်ခွာသွားခဲ့ပါပြီ။သူမရဲ့ IG မှာ တင်ထားတဲ့ ပုံအရ ခင်ပွန်းဖြစ်သူနဲ့ အတူတူ ထွက်ခွာသွားပုံရပါတယ်။ပိုင်ဖြိုးသုကတော့ သူမရဲ့ အနုပညာဝမ်းစာကို ဖြည့်ဖို့ မကြာသေးခင်ကမှ New York  မှာ သင်တန်းသွားတတ်ခဲ့ပါသေးတယ်။NYFA က Acting For Film class ကို တက်ရောက်ခဲ့တာပါ။ပိုင်ဖြိုးသုရဲ့ ကျောင်း (NYFA)မှာ လည်း သူမနဲ့ ခင်ပွန်းဖြစ်သူ တို့ နဲ့ အတူတူ ရိုက်ကူး ထားတဲ့ မီ ရုပ်ရှင်ကို ပြသခဲ့ပါသေးတယ်။

Image:fb/Paing Phyoe Thu
Image:fb/Paing Phyoe Thu

ပိုင်ဖြိုးသုနဲ့ သူမရဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီးတို့ကတော့ ပရိသတ်တွေ အရမ်းကို အားကျနေရတဲ့ ဆယ်လီ စံပြ စုံ  တွဲလေးပါ။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမို့ မြင်သူတိုင်းက အားကျနေရတာပါ။ဆက်တိုက် မနားမနေ အလုပ်တွေ လုပ်နေရတဲ့ ပရိသတ်အချစ်တော် သုသု ကတော့ အခုဆိုရင် Maldives ကို ခရီးထွက် သွားခဲ့ ပါတယ်။ခရီးထွက်သွားတဲ့ အကြောင်းကိုတော့ သူမရဲ့ IG မှာ ပုံလေးတွေ တင်ပြီး ပြောပြခဲ့တာပါ။

READ
မူးလာရင် သွေးဆိုးတတ်တဲ့ ဂျီဟို
Image:IG/Paing Phyoe Thu
Image:IG/Paing Phyoe Thu
Image:IG/Paing Phyoe Thu

NYFA က Acting For Film class တက်ပြီး ပြန်လာတော့လည်း ရိုက်ကူး ရေးရှိလို့ ပုဂံကို တန်းသွားခဲ့ရပါတယ်။ပုဂံမှာတော့ ပိုင်တံခွန်နဲ့ အတူတူ ကြော်ငြာ ရိုက်ကူးခဲ့တာပါ။နယူးယော့ခ်မှာ ရှိနေတုန်း ခင်ပွန်းဖြစ်သူကို လွမ်းတဲ့ အကြောင်းတွေလည်း Fb မှာ Post တင်ခဲ့ပါသေးတယ်။

Image:IG/Paing Phyoe Thu
Image:fb/Paing Phyoe Thu

ဒါရိုက်တာ ဏကြီးနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ စေ့စပ်ပွဲကိုတော့ ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ် မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်ကျော်မှာ စေ့စပ်လိုက်တာပါ။ မင်္ဂလာပွဲကိုတော့ (2019)ခုနှစ်ရဲ့ နှစ်စ ဇန်န၀ါရီ(၁)ရက်နေ့က ရန်ကုန်မြို့ ၊ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဦးအလှူ အနေနဲ့ကတော့ စက်အဖွဲ့သားတွေ ကိုဆန်နဲ့ဆီတွေ လှူဒါန်း ခဲ့ပါတယ်။

Image:fb/Paing Phyoe Thu
Image:fb/Paing Phyoe Thu

Source:ပိုင်ဖြိုးသု

SHARE