မကစ်ကို လူကောင်မလေးဟုတ်ရဲ့လားလို့တောင် အထင်မှားမိတယ်ဆိုတဲ့ ပိုင်ဖြိုးသု

“မီ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက် ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ အတူကြော်ငြာရိုက်ကူးခဲ့ပါသေးတယ်။

ဒီကြော်ငြာလေးကတော့ ပိုင်ဖြိုးသုအတွက် သူမရဲ့ အနုပညာသက်တမ်းမှာ ဝတ်မှုန်ရွှေရည်နဲ့ ပထမဆုံးအကြိမ်အဖြစ် အတူတွဲပြီး အလုပ်လုပ်ဖူးတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အရုပ်ကလေးတောင် အရှုံးပေးရလောက်အောင်လှတဲ့ ဝတ်မှုန်ရွှေရည်နဲ့ တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဝတ်မှုန်ရွှေရည်တို့ကတော့ Bella အလုကုန်အတွက် အတူတွဲပြီးကြော်ငြာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးလေးနှစ်ယောက်ကို အတူတွဲတွေ့ရမယ့် ကြော်ငြာလေးဖြစ်လို့ စောင့်မျှော်အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Paing Pyoe Thu

SHARE