မီဒီယာသမားတစ်ယောက်ရဲ့ ဆိုးဝါးတဲ့မေးခွန်းကြောင့် မဖြေရဲလို့ ထွက်ပြေးခဲ့ရတဲ့ ပိုင်ဖြိုးသု

“မီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ပရိသတ်တွေရ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားကြောင့် ဝေဖန်မှုတွေကို ရရှိခဲ့ပေမဲ့ အောင်မြင်မှုတွေလည်း တခဲနက်ရရှိခဲ့သူ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာ မီဒီယာသမားတစ်ယောက်ရဲ့ မသင့်တော်တဲ့မေးခွန်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ရေးသားပြောဆိုလာတာဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အဲဒီမီဒီယာသမားရဲ့ မေးခွန်းက ဆိုးရွားလွန်းတာကြောင့် မဖြေပဲတောင် ထွက်ပြေးခဲ့ရပါတယ်။ ဒီအကြောင်းကို တော့ ပိုင်ဖြိုးသုက သူမရဲ့ ဖေစ်ဘုတ်မှာ အခုလိုပဲရေးသားထားတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ “ကျေးဇူးပြုပြီး ရုပ်ရှင်ထုတ်လုပ်သူအချင်းချင်း ဒါရိုက်တာအချင်းချင်း လောကသားအချင်းချင်း သရုပ်ဆောင်အချင်းချင်း ဘယ်လိုဖြေဖြေ အထင်လွဲသွားစေနိုင်တဲ့ မေးခွန်းတွေမမေးကြပါနဲ့လားရှင်…” လို့ရေးထားပြီးလည်း မေတ္တာရပ်ခံထားပါတယ်။

SOurce: PAing Phyoe Thu

SHARE