ချစ်စရာကောင်းလွန်းတဲ့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့ရဲ့ Snap ဓါတ်ပုံလေးတွေ

မိန်းကလေး ပရိသတ်တော်တော်များများရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မော်ဒယ်၊မင်းသား ပိုင်တံခွန်နဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်မင်းသမီးလေး အိန်ဂျယ်လမုန်တို့ကတော့ “သမန်းကျားဝိဥာဉ်” ဗီဒီယိုဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းကပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအားလုံး သဘောကျနေကြပါတယ်။ သူတို့နှစ်ယောက်ကတော့ အတွဲညီညီနဲ့ ကြိုးကြိုးစားစား သရုပ်ဆောင်နေကြတဲ့ပုံပါပဲ။ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်ရဲ့ ဓါတ်ပုံလေးတွေကတော့ အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းနေပါတယ်။

ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့ကတော့ အရမ်းကို အတွဲညီတဲ့ အနုပညာရှင်မောင်နှမတွေဖြစ်ပြီး ပရိသတ်တွေကိုလည်း နှစ်ယောက်ပေါင်းပြီး စနောက်တတ်သူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပါဝင်ထားတဲ့ “သမန်းကျားဝိဥာဉ်” ဗီဒီယို ဇာတ်ကားထွက်လာတဲ့အခါလည်း အားပေးလိုက်ကြပါဦးနော်။

Source: Htet Paing Ye

SHARE