နွယ်ဒါလီထွန်းနဲ့ အနမ်းခြွေ နေတဲ့ ဗီဒီယိုဖိုင် ပိုင်တံခွန် ဝေမျှ

Image:Fb/Paing Takhon

ပိုင်တံခွန်ကတော့ မြန်မာ ပရိသတ်တွေကြားမှာ  တော်တော်လေးကို နာမည်ကြီးတဲ့ မော်ဒယ် မင်းသား တစ်ယောက်ပါ။ပိုင်တံခွန် ကတော့ မိန်းကလေး ပရိသတ်တွေ ကြားမှာ တော်တော် လေးကို ရေပန်းစားနေပါတယ်။ထိုင်းမှာပါ Fan Meeting ပွဲ ကျင်းပခဲ့ပါတယ်။ပိုင်တံခွန်ကတော့ အခုဆိုရင် မြန်မာမှာ တင်မကပဲ အာရှနိုင်ငံ တစ်ချို့မှာပါ အောင်မြင် တဲ့ မင်းသား တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ပိုင်တံခွန်ကတော့ သူ့ရဲ့ Fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။မော်ဒယ် မင်းသမီးချောလေး နွယ်ဒါလီ ထွန်းနဲ့ အတူရိုက်ထားတဲ့ ပုံလေးပါ။

Image:Fb/Paing Takhon
Image:Fb/Paing Takhon

နွယ်ဒါလီထွန်းကလည်း အမျိုးသားပရိသတ်တွေ ကြား ရေပန်းစားသူလေးပါ။နွယ်ဒါလီထွန်းနဲ့ အတူ အတွဲညီညီ ပုံလေး တွေ ကိုတော့ ပိုင်တံခွန်က သူ့ရဲ့ အကောင့်မှာ အခုလို တင်ထားပါတယ်။

“ကျနော်စိတ်ပူတဲ့အထဲမှာ ကလေးဆန်တတ်တဲ့
မ အကျင့်လေး လည်းပါတယ်

📷 Htet Paing Ye..” ဆိုပြီး တင်ထားပါတယ်။

READ
ထိုင်းနိုင်ငံရဲ့ အလှဆုံး လိင်ပြောင်းအမျိုးသမီး (၁၀)ယောက်
Image:Fb/Paing Takhon
Image:Fb/Paing Takhon

ပိုင်တံခွန်ကတော့ သူ့ရဲ့ Facebook Story မှာဆိုရင်တော့ နွယ်ဒါလီထွန်းနဲ့ အတူ ရိုက်ကွင်းက ဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။နွယ်ဒါလီထွန်းကို အနမ်းခြွေ နေတဲ့ ဗီဒီယိုဖိုင်လေးပါ။

Image:Fb/Paing Takhon

ပိုင်တံခွန်ကတော့ မင်းသမီးချော ၀တ်မှုံရွှေရည် နဲ့ လက်တွဲပြီး ဇာတ်ကားသစ် ရိုက်ကူး ဖို့ရှိပါတယ်။ အိမ်မက် မြစ် ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမှာပါ။ သရုပ်ဆောင်တွေ နဲ့ အနေနဲ့ ၀တ်မှုံရွှေ ရည်၊ ပိုင်တံခွန် တို့က အဓိကပါဝင်ထားပါတယ်။ တခြား သရုပ်ဆောင်တွေ အနေနဲ့ ကတော့ ခင်ဇာခြည် ကျော် ၊နေရဲ၊ သီဟ ၊မေမီကိုကို တို့လည်း ပါဝင်သရုပ်ဆောင်ကြမှာပါ။

Image:Fb/Paing Takhon

Source:Fb/Paing Takhon

SHARE