တစ်ချိန်က ဆင်းရဲ ရုန်းကန် ခဲ့ရတဲ့ အချိန်တွေကို ပြန်ပြောပြခဲ့တဲ့ ပိုင်တံခွန်

Image:IG/Paing Takhon

ပိုင်တံခွန် က တော့ နာမည်ကြီး မော်ဒယ် မင်းသားတစ်ယောက်ပါ။ထိုင်းမှာပါ Fan Meeting ပွဲ လုပ် ခဲ့တဲ့ ပထမဆုံး မြန်မာ အနုပညာရှင်ပါ။ချော မော လှပတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီ သ တဲ့ အပ် အ မောင်းတို့ ကြောင့် ပြည်တွင်းမှာတင် မဟုတ်ပဲ ပြည်ပ နိုင်ငံ တွေမှာပါ နာမည်ကြီး သူပါ။မိ ဘ ကျေးဇူးကိုလည်း သိ တတ် သူ တစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်က သူ့ မိဘ အတွက် အိမ် နဲ့ ကား တစ်စီး ၀ယ်ပေးခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ သူ ဘယ်လို ရုန်း ကန် ခဲ့ရ လဲ ဆိုတာကို ပြန်လည် ဝေမျှ ခဲ့ပါတယ်။

Image:IG/Paing Takhon

မောင်နှမ (၆)ယောက်ထဲမှာ သူက လေး ယောက် မြောက် ဖြစ် ကြောင်း၊သူငယ်တုန်းက မိဘ တွေရဲ့ စီးပွား ရေးက အဆင် ပြေ ခဲ့ ပေမယ့် သူ ရန်ကုန် စ ပြောင်းလာချိန်မှာ တော့ အ ခြေ အ နေ တွေ က ပြောင်း ပြန် ဖြစ် ခဲ့ရပါတယ်။ တိုက်ခန်းအောက်မှာ မုန့်တီသုပ် ရောင်းပြီး သားသမီးတွေ အတွက် ရုန်းကန် ပေးခဲ့တဲ့ အ ဖေ နဲ့ အမေ ကို မြင် တိုင်း စိတ် မ ကောင်းဖြစ်ခဲ့ရတယ်လို့ ပိုင်တံ ခွန်က ပြောခဲ့ပါတယ်။ပိုင်တံခွန် ပြောတဲ့ သူ့ဘ၀ အပြည့်အစုံ က တော့……….

Image:IG/Paing Takhon

ကျနော့်ရဲ့ ကံကောင်းခြင်းတွေက မိဘ ကို ကျွေးမွေးပြုစုခြင်းက လာတာပါဒီနေ့ အိမ်သစ်‌လေး တစ်လုံး နဲ့ ကား တစ်စီး ကို အဖေ အမေ အတွက် ကျနော် လက်ဆောင်ဝယ်ပေးဖြစ်တာပါ Surprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီး ခေါ်ခဲ့ရတယ်နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငိုကျနော်လည်း ပီတိဖြစ်ရ 🖤ဒါက ကျနော့်ဘဝ အကြောင်းလေးတချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူးကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဥ်းလေး ပြောပြမယ်နော်ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ်။ကျနော်က ၄ယောက် မြောက်သား ငယ်စဥ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့ဘယ်နေရာရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရဖူး ဘူးဘဝ တကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့ တယ်။အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။

READ
လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းကို ခြွေလိုက်တဲ့ နွယ်နွယ်ထွန်း
Image:IG/Paing Takhon

ကျ‌နော်ကိုမွေးတဲ့အချိန်ကတည်းက အလုပ်သမားများစွာ နဲ့ ပြည့်ပြည့်စုံစုံ နေ ‌ခဲ့ရတဲ့ ကျနော့် ရဲ့အဖေ နဲ့ အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး ညအိပ်ခါနီးတိုင်း မနက်အစောကြီးအဖေအမေထပြီး မုန့်ရောင်းရ အုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။

Image:IG/Paing Takhon

အဲဒီအချိန်ကတည်း ကျနော်ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ် ။ တနေ့ သား လုပ်ကျွေးခွင့်ရပါရစေလို့ ။ဒီလိုနဲ့ပဲ. ကျ‌နော်နဲ့ အမေ ကြား ပြဿနာအသေးလေးတခုကြောင့် ကျနော် 18 နှစ်လောက်မှာ အိမ်ကနေ ထွက်ခွာခဲ့တယ် ဒီနေ့ထိပေါ့ .. အိမ်ကထွက်ခွာခဲ့ပေ မယ့် တရက်မှ မိသားစုအပေါ် တာဝန်မပျက်ဖူးဘူးအပြင်လောကမှာ တစ်ယောက်တည်း ရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။အဖေ အမေ ငယ်စဥ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။”သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ တဲ့ “ကျနော်မိဘတွေနဲ့ အတူတူမနေပေမယ့် အပြင်လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသား ဆုံး ကြိုးစားအလုပ်လုပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ်။

READ
ရင်သွေးလေး မွေးဖွားတဲ့ အ ကြောင်းကို ကြေညာလိုက်တဲ့ Ed Sheeran နဲ့ Cherry
Image:IG/Paing Takhon

ငွေ တစ်ထောင် စပြီး ရတဲ့နေ့ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါးနေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌ေနာ် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲနောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမော င်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာ ဝတ္ထုတွေရဲ့ တန်ကြေးမ ဟုတ်ပါဘူး မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာ ဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြု စုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာအားလုံးပဲ ပျော်ရွှင်စရာနေ့ ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ …” ဆုိၿပီး ပိုင္တံခြန္က သူ့ရဲ့ FB မှာ ဖော်ပြထားပါတယ်။

 

#SHWEMOM(Ref;wiki)

SHARE