သင်္ကြန်မှာ အထင်လွဲခံရမှုလေးတစ်ခုကြုံခဲ့ ရတဲ့ ပိုင်တံခွန်

မိန်းကလေးပရိသတ်တွေအများကြီးရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ မော်ဒယ်၊မင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ သင်္ကြန်အတက်နေ့မှာ ပရိသတ်တွေနဲ့ ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲရင်းနဲ့ အထင်လွဲမှုလေးတစ်ခုကြုံခဲ့ရတဲ့ အကြောင်းကို သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ အခုလိုပဲ ပြောပြထားတာဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ အထင်လွဲခံရတဲ့ အဖြစ်လေးကို “ကျ​နော့်​မှာ ရီလိုက်​ရတာဗျာ ​အေး​လေ ရုပ်​ခံက ဒီ​လောက်​ဘဲရှိတာကို”လို့ ဟာသနှောပြီးရေးသားထားပါသေးတယ်။

မင်းသားပိုင်တံခွန်ကတော့သူအထင်လွဲခံခဲ့ရအကြောင်းကို ဓါတ်ပုံလေးတွေနဲ့တကွတင်ပေးထားတာဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ အလွဲအဖြစ်အပျက်လေးကြောင့် ပရိသတ်တွေ အတွက်လည်း စိတ်ပျော်ရွှင်စရာဟာသလေးတစ်ခုဖြစ်ခဲ့ရပါတယ်။

Source: Paing Takhon

SHARE