အိန္ဒိယကို အချိန်မရွေး တိုက်ခိုက်နိုင်ကြောင်း ကြိုတင်စစ်ကြေငြာလိုက်တဲ့ ပါကစ္စတန်

Daily Mail

ဖေဖော်ဝါရီ (၁၄) ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားမှာ ပါကစ္စတန်စစ်သွေးကြွလို့ယူဆရတဲ့ အကြမ်းဖက်သမားအဖွဲ့မှ အသေခံဗုံးခွဲခဲ့ပါတယ်။ ဖြစ်စဉ်မှာ Jaish-e-Mohammad (JeM) ဆိုတဲ့ ပါကစ္စတန်စစ်သွေးကြွအုပ်စုမှ အိန္ဒိယအရံတပ်သားများသယ်ဆောင်လာတဲ့ ဘတ်စ်ကားကြီးကို ကားဖြင့်ဝင်တိုက်ကာ အသေခံဗုံးခွဲခဲ့မှုကြောင့် လူပေါင်း (၄၄) ယောက်လောက် သေဆုံးသွားခဲ့ပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ့်တို့ဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာကတည်းက စစ်ဖက်ရေးဆိုင်ရာတစ်စုံတစ်ရာမှ အကျယ်ချဲ့ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အေးဆေးစွာနေထိုင်လာခဲ့ကြတာပါ။ ဘာသာရေးအစွန်းရောက်မှုတွေကြောင့် နိုင်ငံတွေ ကွဲသွားခဲ့တယ်ဆိုပေမယ့်လည်း လွတ်လပ်ရေးနောက်ပိုင်းမှာတော့ ဘာသာပေါင်းစုံဟာ အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြပါတယ်။

ကက်ရှ်မီးယားမှာဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုကို အိန္ဒိအစိုးရဘက်မှ မခံမရပ်နိုင်အောင်ဖြစ်ကာ ပါကစ္စတန်ဖက်နဲ့ စစ်သွေးကြွတွေကိုရှင်းပစ်ဖို့ ညှိနှိုင်းရေးတွေမလုပ်ဘဲ ပါကစ္စတန်နယ်နိမိတ်အတွင်းသို့ မပြောမဆိုနဲ့ဝင်ရောက်ကာ ဖေဖော်ဝါရီလ (၂၅) ရက်နေ့က စစ်သွေးကြွတွေကိုရှင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ Balakot ဒေသကို လေကြောင်းလိုင်းမှ ဗုံးကြဲခဲ့ပါတယ်။

Daily Mail

နယ်နိမိတ်ကို ခွင့်မရှိဘဲကျူးကျော်ဝင်ရောက်ကာ ဗုံးကြဲသွားတဲ့ ဂျက်လေယာဉ်နှစ်စီးကို ပါကစ္စတန်ဘက်မှ ပစ်ချခဲ့ရာ ပါကစ္စတန်နယ်နိမိတ်အတွင်း ပျက်ကျခဲ့တဲ့ ဂျက်လေယာဉ်တွင်းမှ အသက်မသေဘဲကျန်ခဲ့သူ လေယာဉ်မှူးကို ဖမ်းပစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ ပါကစ္စတန်နဲ့ အိန္ဒိနယ်စပ်တွေမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်ဖက်မှ (၄) ဦးသေဆုံးခဲ့ကာ အိန္ဒိဖက်မှတော့ တပ်သား (၅) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

READ
သားသမီး၎ယောက်ရှိပေမယ့် လှမြဲလှဆဲ ဖိလစ်ပိုင်ရဲမေ
Newslion

နယ်စပ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အိန္ဒိယဖက်မှ ညတွင်းချင်းမှာပဲ ကွန်ကရစ်နဲ့ပြုလုပ်ထားတဲ့ ကတုတ်ကျင်းပေါင်း (၁၄,၀၀၀) ကို ပြည်သူများလုံခြုံရေးအတွက် တည်ဆောက်ပေးခဲ့ပါတယ်။ သို့ပေမယ့် ကျင်းတူးတာတွေနဲ့ ကတုတ်ကျင်းအတွက် အုတ်မြစ်ချတာတွေကိုတော့ ၂၀၁၈ ဇွန်လ၊ နှစ်နိုင်ငံကြားအခြေအနေတွေ တင်းမာမှုပြန်လည်ရှိစပြုကတည်းကိုက အိန္ဒိယအစိုးရဘက်မှ အမျှော်အမြင်ရှိစွာနဲ့ ဆောက်လုပ်ရေးတွေ စတင်ထားးခဲ့ကြတာပါ။

EPA

မြေအောက်ကတုတ်ကျင်းများရဲ့ အမိုးနဲ့နံရံတွေဟာ စတီးသံမာမှုရဲ့ (၁၀) ဆအထိ ပိုပြိး သန်မာတဲ့အတွက် သာမန်ဗုံးဒဏ်ကိုတော့ အေးအေးဆေးဆေးခံနိုင်မှာဖြစ်ပြီး အကယ်၍ နျူကလိယဗုံးပါ,ပါလာခဲ့ပါကလည်း အထိနာမှုတွေမဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့လည်း သိရပါတယ်။

AFP

ပါကစ္စတန်မှ ဖမ်းခေါ်သွားခဲ့တဲ့ အိန္ဒိယလေယာဉ်မှူးကိုဖမ်းသွားစဉ်က စစ်တပ်ကမဟုတ်ဘဲ အရပ်သားများက ကန်ကျောက်နေတဲ့ ဗီဒီယိုဖိုင်တက်လာခဲ့ပြီးနောက်မှာတော့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က လုံခြုံစွာပြန်အပ်နှံပေးဖို့အတွက် အိန္ဒိယမှတောင်းဆိုခဲ့ပါတယ်။ သို့ပေမယ့် ပါကစ္စတန်ဘက်မှ လေယာဉ်မှူးအား သန့်သန့်ရှင်းရှင်းအနေအထားနဲ့ လက်ဘက်ရည်သောက်နေတဲ့ပုံကို ထုတ်ပြန်ခဲ့ပြီး သူတို့ဘက်မှ ကောင်မွန်စွာဆက်ဆံပေးထားကြောင်း ပြသခဲ့ပါတယ်။

READ
ရှားပါးရောဂါခံစားနေရတဲ့ ကလေးမလေးရဲ့ အဖြစ်ဆိုး

ပါကစ္စတန်ဖက်မှတော့ အိန္ဒိယကို အချိန်မရွေးဝင်တိုက်နိုင်တယ်ဆိုပြီး သတင်းမှာဖြေကြားသွားပြီးတဲ့နောက် အိန္ဒိယမှကတုတ်ကျင်းတွေကို ညတွင်းချင်းအပြီးသတ်ကာ စစ်ရေးအရပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့တာပါ။

နျူကလိယားလက်နှက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးနှစ်နိုင်ငံဖြစ်ပြီး အရင်ကတည်းကတင်းမာမှုတွေနဲ့ အခဲမကြေကြသေးတာကြောင့် အခုလိုကိစ္စရပ်မျိုးဖြစ်လာတာဟာ ကမ္ဘာ့အရေးနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ တရုတ်နဲ့ အမေရိကန်၊ UK နဲ့ EU တို့မှ ဒီအရေးအပေါ် ထင်မြင်ချက်တွေပေးနေပြီး ညှိနှိုင်းဖို့အတွက်လည်း အစည်းအဝေးတွေပြုလုပ်နေတယ်လို့သိရပါတယ်။

Daily Mail

Source: Daily Mail, CNN, NDTV, France 24

Penny

 

SHARE