(၂၀၂၁)ရဲ့ ကမ္ဘာ့စစ်အင်အားအကြီးဆုံး(၁၀)နိုင်ငံထဲမှာ ပါဝင်လာခဲ့တဲ့ ပါကစ္စတန်

wikimedia commons

ငွေးကြေးတန်ဖိုးတွေ၊ ခေါင်းဆောင်တွေ၊ နိုင်ငံရေးအခြေအနေတွေ စတဲ့ အကြောင်းအရာပေါင်းစုံကြောင့် နိုင်ငံတိုင်းရဲ့ စစ်အင်အားတွေဟာလည်း တစ်နှစ်ပြီးတစ်နှစ်အပြောင်းအလဲတွေရှိလာနေကြပါတယ်။

ကျွန်တော်တို့အရင်ကသိခဲ့တဲ့ ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတွေဆိုရင် US ရယ်၊ တရုတ်ရယ်၊ ရုရှားရယ်ပဲ သိထားကြပေမယ့်လို့ ဒီ ၂၀၂၁ ခုနှစ်မှာတော့ မထင်မှတ်ထားတဲ့အပြောင်းလဲတွေ အများကြီးဖြစ်လာခဲ့ပါတယ်။ အဲဒီအထဲ လူတွေအပြောအများဆုံးဖြစ်နေတာကတော့ နိုင်ငံတစ်နိုင်ငံဟာ စစ်အင်အားအကြီးဆုံး ထိပ်တန်း ၁၀ နှစ်ငံစာရင်းထဲကို အသစ်ပါလာခဲ့တယ်ဆိုတာပါပဲ။

YouTube- Military Defense

အဲဒီနိုင်ငံကတော့ ပါကစ္စတန်ပဲဖြစ်ပါတယ်။

YouTube- Military Defense
YouTube- Military Defense

၂၀၂၀ ခုနှစ်တုန်းကတော့ ပါကစ္စတန်အနေနဲ့ အဆင့် ၁၅ မှာရှိနေခဲ့ပေမယ့်လို့ တစ်နှစ်အတွင်းမှာတင်ကို အဆင့် ၅ ဆင့်လောက် ခုန်တက်လာကာ top ten ထဲမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့စာရင်းအရတော့ ပါကစ္စတန်အနေနဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ကန်ဒေါ်လာ ၇,၀၀၀,၀၀၀,၀၀၀ သုံးထားခဲ့ပြီးတော့ စစ်တင့်ကားပေါင်း ၂ ထောင်ကျော်၊ စစ်သင်္ဘောကြီးက ၉ စင်း၊ ရေငုတ်သင်္ဘော ၅ စင်း ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့ Military Defense ရဲ့ YouTube ဗီဒီယိုမှာ ဖော်ပြထားခဲ့ပါတယ်။

READ
စကိတ်ဖိနပ်စီးပြီး ကြိုးခုန်ကာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက အမျိုးသား

ဒီစာရင်းတွေကိုတော့ ၂၀၀၆ ခုနှစ်ကတည်းကိုက Global Fire Power ကနေ ကမ္ဘာ့နိုင်ငံ ၁၃၈ နိုင်ငံလုံးကို စစ်တမ်းတွေကောက်ပြီး တရားဝင်ထုတ်ပြန်နေခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်အနေနဲ့ တူရကီတို့၊ အစ္စရေး၊ အီရန်၊ ဆော်ဒီနိုင်ငံစတာတွေအပြင်ကိုမှ ဂျာမနီတို့၊ စပိန်တို့ရဲ့ အထက်မှာ ရှိနေခဲ့ပါတယ်။ PwrIndx ကတော့ 0.2073 ပါ။

၂၀၂၁ ခုနှစ်ထဲ ကမ္ဘာ့စစ်အင်အားအကြီးဆုံး ထိပ်တန်း ၁၀ နိုင်ငံရဲ့စာရင်းသစ်တွေကတော့..

  1. US
  2. Russia
  3. China
  4. India
  5. Japan
  6. South Korea
  7. France
  8. UK
  9. Brazil
  10. Pakistan

penny

SHARE