သတင်းစာရှင်းလင်းပွဲမှာကြောင်ရုပ်ပုံစံ Effect တွေသုံးမိတဲ့ ပါကစ္စတန်အစိုးရအဖွဲ့ အရှက်ကွဲ

indianexpress.com

ပါကစ္စတန်နိုင်ငံ၊ ခိုင်ဘာ ပက်တွန်ခွာ ပြည်နယ် အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကို Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ကြိုးစားခဲ့ပြီး အရှက်တကွဲ အမှားမျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ် အင်ရမ် ခမ်း ရဲ့ ပါတီဖြစ်တဲ့ PTI ပါတီရဲ့ တာဝန်ရှိသူတွေဟာ အရေးပေါ်ထုတ်ပြန်ချက်တစ်ခုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေခဲ့တာဖြစ်ပြီး အဲဒီပွဲကို Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ပြဖို့ တာဝန်ရှိသူတွေက စီစဉ်ခဲ့ကြတာပါ။

ပြည်နယ်ရဲ့ ပြန်ကြားရေးဝန်ကြီး ယူဆက်ဇိုင်း တစ်ယောက် နှုတ်ခွန်းဆက်စကား စတင်ပြောကြားချိန်၊ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်ချိန်မှာပဲ ထုတ်လွှင့်မှုမှာ ကြောင်ပုံစံ Effect တွေ ပါသွားခဲ့ပြီး ၀န်ကြီးအပါအ၀င် အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေဟာ ကြောင်နှုတ်ခမ်းမွှေးတွေ၊ ပန်းရောင်နားရွက်တွေနဲ့ ဖြစ်ကုန်ကြတော့တာပါ။

 

ထုတ်လွှင့်နေသူတွေက ဒီအဖြစ်ကို သိသိချင်း ဒီ Effect ကို ဖျောက်လိုက်ကြပေမယ့် ၀င်ရောက်ကြည့်ရှုနေသူတွေကတော့ Screenshot တွေကို မြန်မြန်ဆန်ဆန်ပဲ ရိုက်လိုက်ကြတာပါ။

READ
သံချောင်းတွေကို ကွေး၊ ဖရဲသီးကို ပေါင်ကြားထဲထည့်ပြီး ခွဲပြခဲ့တဲ့ အာဂအမျိုးသမီး

အဲဒီနောက်တော့ ဒီပုံတွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကြောင်ပုံစံ နှုတ်ခမ်းမွှေး၊ နားရွက်တွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ ပြည်နယ်ဒေသခံတွေရဲ့ လှောင်ပြောင်စရာ ဖြစ်သွားပါတော့တယ်။

ဝင်ရောက်ကြည့်ရှုသူတွေကတော့ အစိုးရအဖွဲ့ရဲ့ မီဒီယာတာဝန်ခံတွေဟာ သူတို့အလုပ်ကို ပေါ့ပေါ့ဆဆ လုပ်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပြီး အခုတော့ ကြောင်အစိုးရအဖွဲ့ ဖြစ်သွားပြီလို့ လှောင်ပြောင်နေကြတာပါ။

နောက်ဆုံးမှာ အစိုးရအဖွဲ့က ဒီအဖြစ်အပျက်အတွက် တွစ်တာပေါ်ကနေ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရပြီး ဒီမှားယွင်းမှုဟာ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ ကူညီခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ မထင်မှတ်တဲ့အမှားအယွင်းတစ်ခုသာ ဖြစ်ကြောင်းနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီပုံတွေ ဖြန့်ဝေနေခြင်းကို ရပ်ဆိုင်းရမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။

Linn

READ
တန်ဖိုးကြီးကားပေါင်းအစီး (၂၀) နဲ့ လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ကြေကွဲခဲ့ရတဲ့အဖြစ်

Source : indianexpress.com

SHARE