ရေကြီးတဲ့ထုကိုပြဖို့ ကိုယ်တိုင်သရုပ်ဖော်ပြီး တက်ဆက်ခဲ့တဲ့ ပါကစ္စတန်သတင်းထောက်

GTV News/YouTube

Live အနေနဲ့တင်ဆက်ရတဲ့ သတင်းထောက်တော်တော်များများဟာ တင်ပြနေတဲ့ သတင်း၊ ဖြစ်ပေါ်နေတဲ့အခြေအနေတို့ကို ကြည့်ရှုသူပြည်သူတွေ ကွက်ကွက်ကွင်းကွင်းမြင်အောင်ဆိုပြီး တင်ဆက်ပြသလေ့ရှိပါတယ်။

ဒီပါကစ္စတန်သတင်းထောက်တစယောက်ကတော့ ရေကြီးနေတဲ့ သတင်းကို တင်ပြရာမှာ ကြည့်ရှုသူတို့မျက်လုံးထဲ ထင်သာမြင်အောင်ရှိအောင် သူကိုယ်တိုင်သရုပ်ဖော်ကာ တင်ဆက်ခဲ့တဲ့အတွက် နာမည်ကြီးနေတယ်လို့ RVCJ မှာ ဖော်ပြထားပါတယ်။

ဟုတ်လည်းဟုတ်ပါတယ်။ ရေကတော့ ဘယ်နလက်မကြီးနေပြီ၊ မြေပြင်ကနေ ဘယ်လောက်မြင့်တက်နေတယ်ဆိုပြီး လက်မတွေ၊ မီတာတွေနဲ့ပြောရင် တော်ရုံလူရဲ့မျက်လုံးထဲ တစ်ခါတည်းတန်းမမြင်မိကြဘူးမဟုတ်လား။ ဒါကြောင့်မလို့ထင်ပါတယ်။ ဒီသတင်းထောက်ကတော့ ရေကြီးနေတဲ့အထဲ သူကိုယ်တိုင်ဆင်းချသွားကာ ရေအမြင့်ထုဘယ်လောက်ရှိနေပြီဆိုတဲအကြောင်းကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

GTV News/YouTube

Sind မြစ်ထဲကနေတစ်ဆင့် ရေတွေတက်လာခဲ့တာဖြစ်ပြီး အဲဒီဒေသပတ်ဝန်းကျင်မှာတော့ ရေအမြင့်ဟာ အမျိုးသားအရပ်တစ်ရပ်စာနီးနီးကို ရှိလို့နေခဲ့ပါပြီ။ သတင်းထောက်ဟာ GTV News ရဲ့ သတင်းထောက် Azadar Hussain လို့ အမည်ရပြီး သူ့ရဲ့အပြုအမူကြောင့် ကြည့်ရှုသူတွေ တရိပ်ရိပ်တက်လာကာ နာမည်ကြီးနေခဲ့ပါတော့တယ်။

Penny

SHARE