အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားအခြေအနေကို ပိုတင်းမာသွားစေတဲ့ လတ်တလောဖြစ်ရပ်

Tauseef Mustafa/AFP

ကမ္ဘာ့နိုင်ငံရေးအခြေအနေကို သက်ရောက်မှုရှိလာစေနိုင်တဲ့ ဖြစ်စဉ်တစ်ခု အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြား မကြာသေးခင်ကမှ ဖြစ်ပွားသွားပါတယ်။

အိန္ဒိယဘက်က စစ်လေယာဉ်တွေဟာ ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားကာ ဗုံးသွားကြဲခဲ့ပြီးနောက် ပါကစ္စတန်ဘက်ကနေ သူ့ရဲ့ လေကြောင်းပိုင်နက်ထဲ ရောက်လာခဲ့တဲ့ အိန္ဒိယ ဂျက်လေယာဉ် ၂ စီးကို ပြန်ပစ်ချလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၇၁ ခုနှစ်က နှစ်နိုင်ငံကြား.နယ်ခြားစည်းကို ဖြတ်ပြီး ဖြစ်ပွားတဲ့ စစ်ပွဲပြီးနောက် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

EPA

ယနေ့ ၂၇ ရက်နေ့မှာတော့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။

“ယနေ့ ပါကစ္စတန်ရဲ့ လေတပ်ကနေပြီးတော့ နယ်ခြားမျဉ်းကို ကျော်လာကာ ပါကစ္စတန် လေပိုင်နက်ထဲ ရောက်လာခဲ့တဲ့ အိန္ဒိယ ဂျက်လေယာဉ် နှစ်စင်းကို ပစ်ချခဲ့ပါတယ်။ ပါကစ္စတန်ထဲက အကြမ်းဖက်သမားတွေကို ရှင်းဖို့ဆိုပြီး အိန္ဒိယဘက်က သက်သေမရှိဘဲနဲ့တောင် လာရောက်တိုက်ခိုက်လို့ရရင် ပါကစ္စတန်ဘက်လည်း အကြမ်းဖက်သမားတွေကို ထောက်ခံတဲ့လူလို့ ယူဆရသူတွေကိုလည်း ပြန်တုံ့ပြန်ခွင့် ရှိပါတယ်။”

READ
အိမ်ထောင်အပြုနိုင်ဆုံး အဖိုးအို၊ (၉)ယောက်မြောက် မိန်းမနဲ့မှ သင်ခန်းစာ အကြီးအကျယ်ရ
Tauseef Mustafa/AFP

ပါကစ္စတန် စစ်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Asif Ghafoor ကတော့ ယခုဖြစ်ရပ်နဲ့ ပတ်သက်လို့ အတည်ပြုချက်ကို သူ့တွစ်တာအကောင့်မှာ တင်ထားပါတယ်။ လေယာဉ် ၂ စင်းမှာ တစ်စင်းက အိန္ဒိယဘက်ကို ပျက်ကျခဲ့တာဖြစ်ပြီး ပါကစ္စတန်ဘက်ကို ပျက်ကျခဲ့တဲ့ လေယာဉ်က ပိုင်းလော့ကိုတော့ ပါကစ္စတန်ဘက်က ဖမ်းဆီးထားလိုက်ပြီလို့ သိရပါတယ်။

Twitter
Dailymail
Dailymail

ပါကစ္စတန်ဘက်ကနေ စစ်ဖြစ်လိုတဲ့ ရည်ရွယ်ချက်မဟုတ်ဘဲ အိန္ဒိယပိုင်နက်ကို ကျူးကျော်ခြင်းလည်း မရှိဘဲ အကြမ်းဖက်မှုကို ကာကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့သာ လေယာဉ်ကို ပစ်ချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိဖြစ်စဉ်ရဲ့ အကျိုးဆက်အနေနဲ့ကတော့ ၂ နိုင်ငံလုံးက လေကြောင်းခရီးစဉ်တွေကို ရပ်နားထားရတာဖြစ်ပါတယ်။

BBC

နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်ဘက်က နိုင်ငံသား ၄ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး အိန္ဒိယဘက်က စစ်သားတွေမှာ ၅ ဦး ဒဏ်ရာရထားကြပါတယ်။ နယ်စပ်ဒေသက လူတွေကိုလည်း နေရပ်ပြောင်းရွှေ့စေနေပြီး ကျောင်းတွေလည်း ပိတ်လိုက်ကြကြောင်း သိရပါတယ်။ ထိုအချက်တွေကြောင့် နှစ်နိုင်ငံကြား နယ်စပ်ဒေသ စစ်ပွဲမှာ ပိုပြင်းထန်လာနိုင်ချေတွေလည်း ရှိနေတယ်လို့ ယူဆနေကြပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ၃ ကြိမ် စစ်ပွဲဆင်နွှဲဖူးကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

READ
ဖုန်းနံပါတ် မှားမှတ်မိလိုက်လို့ နောက်ထပ်မိန်းမတစ်ယောက် ထပ်ရသွားခဲ့တဲ့အဖြစ်
Twitter

Ref: BBC , CNN , DailyMail

SHARE