အံ့မခန်း Beatbox အစွမ်းကို ပြသခဲ့တဲ့ ပါကစ္စတန်အမျိုးသမီးခရစ်ကတ်အသင်း

[email protected]

လက်ရှိအချိန်မှာ သြစတြေးလျနိုင်ငံကို ICC Woman’s T20 World Cup အတွက် သွားရောက်ယှဉ်ပြိုင်နေတာဖြစ်တဲ့ ပါကစ္စတန်အမျိုးသမီး ခရစ်ကတ်အသင်းဟာ သူတို့ရဲ့ Beatbox အစွမ်းကို ပြသခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ICC Woman’s T20 World Cup ဟာ ၂၀၀၉ ခုနှစ်ကတည်းက အင်္ဂလန်နိုင်ငံမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ သြစတြေးရီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သြတတြေးရီးယားနိုင်ငံကို ဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ ပါကစ္စတန်အမျိုးသမီး ခရစ်ကတ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ကစားသမားအမျိုးသမီးဖြစ်သူ Iram Javel ဟာ သူမရဲ့ Beatbox အစွမ်းကို ပြသခဲ့ပါတယ်။

READ
ဖခင်ကို လုံးဝအလွတ်မပေးပဲ တချိန်လုံး စနောက်ဖို့ချောင်းနေတဲ့ ကလေးဆိုးကြီး

ခရစ်ကတ်တံကို မိုက်အဖြစ်သုံးပြီး Beatbox ကို လက်တန်းရွတ်ခဲ့ပါတယ်။ သူမရဲ့ အသင်းဖော်တွေဖြစ်တဲ့ ခရစ်ကတ်အသင်းမှ Munebba Ali, Sidra Nawaz နဲ့ Sadia Iqbal တို့ကတော့ Iran တစ်ယောက် Beatbox ရွတ်နေတဲ့အချိန် အနောက်ကနေပြီးတော့ စည်းချက်နဲ့ အညီ ကခုန်နေခဲ့ကြကြောင်း သိရပါတယ်။

ဒီဗီဒီယိုကို T20 World Cup ရဲ့ Official Twitter အကောင့်ကနေ တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကိုတွေ့တဲ့ Twitter အသုံးပြုသူတော်တော်များများကတော့ ပါကစ္စတန်အမျိုးသမီးခရစ်ကတ်အသင်းကို ချီးကြူးခဲ့ကြပါတယ်။

READ
ပြင်ထားတယ်လို့ ထင်ရပေမယ့် တကယ်ဖြစ်နေတဲ့ ထူးထူးခြားခြား ဓာတ်ပုံများ

Pyi Hein Kyaw

SHARE