ဟန်းစက်ဆို သေးမှ ကြိုက်သူတွေအတွက် Palm ကုမ္ပဏီကထုတ်လိုက်တဲ့ စမတ်ဖုန်းအကြောင်း

အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Palm, Inc. ကနေ စမတ်ဖုန်းအသစ်တစ်မျိုး ထွက်ရှိလာပါတယ်။ တကယ်တော့ Palm ဖုန်းတွေဟာ ၂၀၁၈ တုန်းက စတင်ထွက်ရှိလာခဲ့တာပါ။ ၂၀၁၈ မော်ဒယ် Palm ဖုန်းတွေဟာ မိမိရဲ့ စမတ်ဖုန်းနဲ့ တစ်ဆင့်ချိတ်ဆက်အသုံးပြုရတဲ့ အရွယ်အစားသေး ဖုန်းလေးတွေ ဖြစ်ခဲ့ပါတယ်။

၂၀၁၈ တုန်းကတော့ Palm ဖုန်းအသေးထဲမှာ မိမိဖုန်းနံပါတ် ထည့်သွင်းထားရပြီး အသုံးပြုရတာဖြစ်ပါတယ်။ တကယ့်စမတ်ဖုန်းရဲ့ အသုံးပြုမှုကို လျှော့ချဖြစ်ဖို့ Palm ဖုန်းလေးတွေကို တွဲဖက်အသုံးပြုစေရန် ရည်ရွယ်ချက်နဲ့ ၂၀၁၈ တုန်းက ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် လူကြိုက်မများခဲ့ဘဲ အောင်မြင်မှု မရှိခဲ့ပါဘူး။

The Verge

ယခု ၂၀၁၉ မှာတော့ Palm က အခြားဖုန်းနဲ့ တွဲအသုံးပြုရတဲ့ ဖုန်းမျိုးမဟုတ်တော့ဘဲ သူ့တစ်မျိုးတည်း အသုံးပြုနိုင်သွားပြီဖြစ်တဲ့ ဖုန်းကို ထုတ်လုပ်လိုက်တာပါ။ အရွယ်အစားကတော့ လက်သုံးလုံးစာလောက်ပဲ ဖြစ်ပါတယ်။ ၂၀၁၈ မော်ဒယ်တုန်းက အမေရိကန်ဒေါ်လာ ၃၀၀ ကျော်ခဲ့ပေမယ့် ယခု Palm ဖုန်းမှာတော့ ဒေါ်လာ ၁၉၉ သာရှိတော့တာကြောင့် ဖုန်းအသေးကြိုက်သူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းလည်း ဖြစ်ပါတယ်။

READ
အပြန်အလှန်စကားပြောပေးနိုင်မယ့် Robotရည်းစားကောင်မလေး
Mashable

နည်းပညာသတင်းမီဒီယာတွေကတော့ Palm ဖုန်းကို ဦးစွာစမ်းသပ်အသုံးပြုထားကြပြီး ကင်မရာတွေ app တွေကတော့ အခြားစမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အရည်အသွေး သာမန်သာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖုန်းက သေးလွန်းတဲ့အတွက် ဖုန်းပြောဖို့သာ လိုအပ်ပြီး ဖုန်းကြည့်ချိန်လျှော့ချချင်သူတွေအတွက်တော့ အသင့်တော်ဆုံးဖြစ်မယ့် စမတ်ဖုန်းလို့ ထောက်ခံပေးထားကြပါတယ်။

Ref: The Verge

SHARE