ထန်းပင်တို့၊ အုန်းပင်တို့ဆိုတာ အပင်တွေထဲမှာ တော်တော်လေးကို ပင်စည်ရှည်တဲ့ အပင်မျိုးတွေပါ။ တော်ရုံတန်ရုံ သစ်ပင်တက်တတ်တဲ့ လူတစ်ယောက်ဟာ အဲဒီလို ထန်းပင်တို့၊ အုန်းပင်တို့ကို တက်ဖို့ မလွယ်သလို ပြန်ဆင်းဖို့လည်း မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထန်းပင်၊ အုန်းပင်တို့ရဲ့ ပင်စည်ဟာ ပြောင်ချောကြီးနဲ့ မတ်မတ်ကြီး ဖြစ်နေလို့ပါပဲ။ အခုပြောပြချင်တာကတော့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးနာမည်ကြီးပြီး လူကြည့်များနေတဲ့ ထန်းပင်တက်သမားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုကို ကြည့်ရှု့သူတိုင်းဟာ အဆိုပါ ထန်းပင်တက်သမားကို ဝေဖန်ခဲ့ကြပြီး တော်တော်လေးကိုလည်း အသည်းယားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာ တွေ့ရတဲ့ အတိုင်း ထန်းတက်သမားတစ်ယောက်ဟာ ထန်းပင်ပေါ်တက်ပြီး ထန်းပင်ထိပ်ပိုင်းကို လွှစက်နဲ့ ဖြတ်နေတာပဲ ဖြစ်ပါတယ်။ အပင်ကို တက်ဖြတ်နေတဲ့ ပုံစံကိုက တော်တော်လေးကို အသည်းယားဖို့ကို ကောင်းလွန်းနေတာပါ။ အခန့်မသင့်လို့ ခြေချော်သွားရင်တော့ အသက်ပါဆုံးရှုံးနိုင်တဲ့ အထိကို ဖြစ်သွားနိုင်လောက်ပါတယ်။ အဆိုပါ ထန်းတက်သမားဟာ အပင်ထိပ်ပိုင်းကို ဖြတ်ချပြီးတဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
Ever seen anyone cut a really tall palm tree?
Oh my god… pic.twitter.com/O0sde0ZCz0
— Rex Chapman🏇🏼 (@RexChapman) September 25, 2020
ထန်းပင်ရဲ့ ထိပ်ပိုင်းဟာ အဆိုပါ ထန်းတက်သမားဖြတ်လိုက်တာကြောင့် ပြတ်ကျသွားတဲ့ အချိန်မှာတော့ ထန်းပင်ရဲ့ ပင်စည်ကြီးဟာ အရှိန်နဲ့ ဟိုဖက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက်ကို ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ အဆိုပါ ထန်းပင်တက်အမျိုးသားဟာ သေသေချာချာ ကိုင်ထားတာကြောင့် ပြုတ်မကျခဲ့ပါဘူး။ ဒါပေမယ့် တွေ့မြင်ရသူအပေါင်းကိုတော့ တော်တော်လေးကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အဆိုပါ ထန်းတက်သမားရဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှု့သူ ၇ သန်းနီးပါးအထိတောင် ရှိခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw