ဘာဘီအရုပ်မလေးတွေအလား အထင်မှားသွားစေတဲ့ ယွန်းယွန်းနဲ့ ပန်းရောင်ခြယ်

ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာအလုပ်တွေ လုပ်လာခဲ့သူတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်တို့ကတော့ ပရိသတ်တွေတိုင်းရဲ့ အချစ်တွေကို ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့လေးတွေတော့ နှစ်ယောက်ပေါင်းပြီး ပရိသတ်တွေရဲ့ အသည်းကို ခြွေလိုက်ပြန်ပါပြီ။

ယွန်းယွန်းနဲ့ ပန်းရောင်ခြယ်တို့ကတော့ Fashion မဂ္ဂဇင်းအတွက် နှစ်ယောက်အတူတွဲပြီး ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေအဖြစ် လူသိများတဲ့ သူတို့နှစ်ယောက်ကတော့ ဘာဘီကာတွန်းကားထဲက မင်းသမီးလေးတွေလားလို့ အထင်မှားသွားလောက်အောင်ကို လှနေလွန်းပါတယ်။

ပန်းရောင်ခြယ် နဲ့ ယွန်းယွန်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: kan Suho

SHARE