ဂျပန်-မြန်မာပွဲတော်မှာ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ ပန်းရောင်ခြယ်

ပရိသတ်တိုင်းချစ်ကြတဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေးပန်းရောင်ခြယ်ကတော့ သူမရဲ့ ဖခင်လိုပဲ ဂီတပညာရပ်မှာ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း သီချင်းတွေရေးဖွဲ့သီဆိုနေတာဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ သူမရဲ့ ရိုးရှင်းပြီး ဖြူစင်တဲ့ ချစ်စဖွယ်အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ ဂျပန်-မြန်မာပွဲတော်မှာလည်း အကအလှတွေနဲ့ ပရိသတ်တွေကို မြူးမြူးကြွကြွဖျော်ဖြေပေးခဲ့ပါသေးတယ်။ ပန်းရောင်ခြယ်ကတော့”စင်ပေါ်မှာဖျော်ဖြေရင်း အရမ်းပျော်ခဲ့ရပါတယ်၊ သီချင်းတွေလဲအကျယ်ကြီးလိုက်ဆိုပေးတယ်၊ ကျေးဇူးပါ”လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ ပရိသတ်တွေ မြင်တွေ့နေကျမဟုတ်တဲ့ ဖက်ရှင်နဲ့ ဒီပွဲလေးမှာ အလှဆုံး ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။ ပန်းရောင်ခြယ်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: pan Yaung Chel

SHARE