ကျွန်မကို ဆိုလိုတာဆိုရင်တိုက်ရိုက်လာရှင်းပါလို့ ညိုမင်းလွင်ကို ပန်ဆယ်လိုပြော

အိပန်ဆယ်လို facebook/nyo min lwin facebook

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကတော့ အဓ္ဓမပြုကျင့်မယ့်ဇာတ်ကောင်ကို ရွေးချယ်ပွဲမှာ လွန်လွန်ကျူးကျူး သရုပ်ဆောင်ပြမှုတွေ ရှိနေတယ်ဆိုပြီး ပရိသတ်တွေကြားမှာ ပြောဆိုစရာ၊အထင်မြင်ကွဲလွဲစရာတွေရှိနေတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ပြောဆိုရေးသားမှုတွေ ရှိနေတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်ေ်န့မှာတော့ စာရေးဆရာမ ပန်ဆယ်လိုကလည်း သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ သူမရဲ့ ထင်မြင်ချက်ကိုရေးသားလာတာဖြစ်ပါတယ်။

အိပန်ဆယ်လို facebook
အိပန်ဆယ်လို facebook
အိပန်ဆယ်လို facebook

စက်တင်ဘာလ ၁၁ ရက်နေ့မှတော့ ညိုမင်းလွင်က အခုလိုပဲ ဖေစ်ဘုတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

nyo min lwin facebook

ပန်ဆယ်လိုကတော့ အဲဒီပိုစ့်အောက်မှာ “ဒီပိုစ့်က ကျွန်မကို ဆိုလိုတာဆိုရင် ကျွန်မနဲ့ တိုက်ရိုက် လာရှင်း…” ဆိုပြီးတော့ အခုလိုပဲ ကွန်းမန့်ရေးသားလာတာဖြစ်ပါတယ်။

အိပန်ဆယ်လို facebook

ဒါ့အပြင် ပန်ဆယ်လိုကတော့ “မြမြ” ကားမှာသရုပ်ဆောင်မယ့် မဒိန်းသရုပ်ဆောင်က သူမရဲ့ ပိုစ့်ကို ရှဲပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ မုဒိမ်းကျင့်ခံချင်နေလားဆိုတာမျိုးတွေ ရေးသားထားတယ်ဆိုပြီးတော့လည်း စက်တင်ဘာလ ၁၁ ရက်နေ့မှာပဲ ပိုစ့်တင်ရေးသားခဲ့ပါတယ်။

READ
ဆွဲဆောင်မှုရှိလွန်းတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ ဝတ်မှုန်ရွှေရည်
အိပန်ဆယ်လို facebook
အိပန်ဆယ်လို facebook

Source: အိပန်ဆယ်လို/Nyo Min Lwin

 

SHARE