ဈေးပေါတဲ့ အစားအသောက်တွေကို review လုပ်ပြီး TikTok မှာ နာမည်ကြီးနေတဲ့ Panda Girl

Tiktok

လက်တလော Tiktok မှာ စက္ကန့်ပိုင်းဟာ ဗီဒီယိုအတိုလေးတွေတင်ပြီးတော့ ဆယ်လီဖြစ်နေတဲ့ account တစ်ခုရှိနေပါတယ်။ အဲဒါကတော့

@pandagirl.94♬ original sound – Pandagirl

@pandagirl.94♬ original sound – Pandagirl

@pandagirl.94♬ original sound – Pandagirl

Fast Food တွေအပြင်ကိုမှ Panda Girl လေးဟာ စူပါမားကတ်က အသင့်စားတွေ၊ မုန့်ထုပ်တွေကိုလည်း မထင်ရင်မထင်သလိုမျိုး review ပေးလ့ရှိပါသေးတယ်။ ဒီမှာတော့ လူတွေသိပ်ပြီး စားလေ့စားထမရှိပေမယ့်လို့ ဈေးတန်ပြီးတော့ အရသာလည်းကောင်းတဲ့ အစားအသောက်တွေကို ပြလေ့ရှိပါတယ်။

ဒီဗီဒီယိုမှာတော့ Trimisu လို့ခေါ်တဲ့ ဂျပန်ကိတ်မုန့်တစ်မျိုးပေါ့။ ဒီကိတ်မုန့်ကို တကယ့် ကိတ်မုန့်ဆိုင်ကြီးတွေမှာ စားမယ်ဆိုရင် ဒေါ်လာ ဆယ်ကဏန်းလောက်ပေးရမှာဖြစ်ပမေယ့်လို့ သူမကတော့ စူပါမားကတ်မှာပဲ ၂ ဒေါ်လာကျော်ကျော်သာပေးရတဲ့ အသင့်စား trimmisu ကိတ်မုန့်လေးကို ရှာတွေ့ခဲ့ပါတယ်။ ဒါကို ပြန်လည်မျှဝေထားခဲ့တာပါ။

@pandagirl.94♬ original sound – Pandagirl

ဒီအပြင် သိပ်ပြီး နာမည်မကြီးတဲ့ သကြားလုံးတို့၊ ထူးထူးဆန်းဆန်းအရသာနဲ့ ဂျယ်လီတွေ၊ အအေးတွေကိုလည်း review ပေးလေ့ရှိပါသေးတယ်။ ဒါပေမဲ့ သူမကို နာမည်ကြီးစေတဲ့ နောက်ထပ်အကြာင်းအရာတစ်ခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ သူမရဲ့ အသံထွက်ပါပဲ။ အင်္ဂလိပ်စကားကို ခပ်ဝဲဝဲလေးဖြစ်နေတဲ့အပြင် အရမ်းပီအောင် အသံထွက်နေတော့ သူမရဲ့ အသံထွက်ဟာ လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတော့တာပါပဲ။

@pandagirl.94♬ original sound – Pandagirl

@pandagirl.94♬ original sound – Pandagirl

Fast food တွေ၊ စူပါမားကတ်က အစားအသောက်တွေအပြင်ကိုမှ Panda girl လေးဟာ အိမ်ချက်အစားအသောက်တွေကိုလည်း မထင်ရင်မထင်သလို Tiktok follower တွေကို လာလာပြလေ့ရှိပါသေးတယ်။

@pandagirl.94♬ original sound – Pandagirl


လက်ရှိအချိန်မှာတော့ Panda Girl 94 ဟာ follower ပေါင်း ၃ သိန်းနီးပါးနဲ့ Tiktok ဆယ်လီတစ်ဦးဖြစ်နေခဲ့ပါပြီ။ စုစုပေါင်း like ကတော့ ၅.၆ မီလီယံပါတဲ့လေ။
penny

SHARE