သားသမီးတွေကိုကာကွယ်ပေးနေတဲ့ ပန်ဒါမကြီး၏ပုံရိပ်များ

သြစတီးယားနိုင်ငံ၊ Vienna’s Schoenbrunn Zoo တိရစ္ဆာန်ရုံမှာရှိတဲ့ ပန်ဒါမကြီး Yang Yang ဟာ ပန်ဒါဝက်ဝံနှစ်ကောင်
ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားခဲ့တဲ့ ၀က်ဝံနှစ်ကောင်မှာ အထီးတစ်ကောင်၊ အမတစ်ကောင်ဖြစ်ပြီး မွေးဖွားစဉ်က 3 အောင်စခွဲ အလေးချိန်ရှိကြပြီး အခု မွေးဖွားပြီးလို့ တစ်လအကြာမှာတော့ 30 အောင်စ ကျော်ကျော်အလေး
ချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။

ဒါအပြင် မွေးကင်းစ ပန်ဒါလေးတွေဟာ 10 စင်တီမီတာသာ ရှိခဲ့ရမှာ အခုအခါ 35 စင်တီမီတာ ဖြစ်နေပါပြီ။ ပန်ဒါ အထီး
လေးက အခုဆို ငမ်းငမ်းတက် အစာကို စားတတ်သလို၊ အမလေးကတော့ အေးဆေးတည်ငြိမ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ရှားပါးစာရင်းဝင်ဖြစ်တဲ့ ပန်ဒါဝက်ဝံတွေဟာ လူတွေရဲ့ချစ်ခင်မှုကို ခံရလေ့ရှိပြီး၊ လူတွေနဲ့ အမြန် ယဉ်ပါးလွယ်ကြပါ
တယ်။

READ
ကလေးတွေ ဖုန်းမသုံးအောင် နေ့စဉ်သုံးပစ္စည်းတွေနဲ့ ဂိမ်းစက်တွေ ထွင်ပေးနေတဲ့ ဖေဖေ

အရင်တုန်းက ထို ပန်ဒါမကြီး Yang Yang ဟာ အထီးသုံးကောင်သာ မွေးခဲ့ပြီး ဒီတစ်ခါမှာတော့ အထီးတစ်ကောင်၊ အမတစ်ကောင်ဆီ မွေးခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ပန်ဒါတွေကို နာမည်မပေးရသေးပါဘူး။ တရုတ်ရိုးရာအရ ပန်ဒါတွေဟာ မွေးပြီးလို့ ရက်တစ်ရာမပြည့်သေးဘဲ နာမည်ပေးရင် သေတတ်တယ်လို့ အယူရှိကြပါတယ်။ ဒါကို လေးစားလိုက်နာ
သောအားဖြင့် နာမည်မပေးသေးခြင်း ဖြစ်ပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE