မကြာခဏ ဇက်ချိုးတတ်သူများအတွက် သတိပြုဆင်ခြင်ဖွယ်ရာ ဖြစ်ရပ်

နာတာလီခူနီကီ အမည်ရတဲ့ ဆေးအကူဝန်ထမ်းမလေးတစ်ယောက်ဟာ မမျှော်လင့်ပဲ ဇက်ချိုးမိရာမှ အဓိက သွေးကြောမကြီး ကွဲသွားပြီး လေဖြတ်ခဲ့တဲ့ အကြောင်းကို အခုလို သိရပါတယ်။ နာတာလီဟာ လန်ဒန် လူနာတင်ယာဉ်ဝန်ဆောင်မှူဌာနမှာ အလုပ်လုပ်တာပါ။

Kennedy News and Media

ပြီးခဲ့တဲ့ မတ်လတုန်းက ညတစ်ညမှာတော့ သူမဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ အိပ်ရာပေါ်မှာ ရုပ်ရှင်ကြည့်ရင်း အညောင်းအညာပြေ အကြောဆန့်ခဲ့ပါတယ်။ မထင်မှတ်ပဲ ဇက်ကိုပါ ချိုးလိုက်တဲ့အခါ ဂျွတ်ခနဲ မြည်သံ အကျယ်ကြီးကို နာတာလီက သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် သူမက ခါတိုင်းလည်း ဇက်မကြာခဏချိုးနေကျဆိုတော့ သိပ်မစဉ်းစားလိုက်ပါဘူး။

Kennedy News and Media

ဒါနဲ့ (၁၅) မိနစ်လောက်ကြာတော့ နာတာလီက အိပ်ရာကနေ ရေချိုးခန်းဆီ ထသွားဖို့ လုပ်ခဲ့ပါတယ်။ ရုတ်ချည်းပဲ သူမဟာ ကြမ်းပြင်ပေါ်ကို လဲကျသွားပါတယ်။ သူမရဲ့ ဘယ်ခြေထောက်က လုံးဝလှူပ်လို့ မရတော့ပါဘူး။ နာတာလီက သူမဟာ သောက်လည်း သောက်ထားတာကြောင့် အရက်မူးလွန်းလို့များ ခုလိုဖြစ်တာလားဆိုပြီး အရေးပေါ်ကို ဖုန်းဆက်ခေါ်နေရမှာ ရှက်တောင် ရှက်နေပါသေးတယ်။

Kennedy News and Media

ဒါပေမယ့် ခြေထောက်က လုံးဝကို လှူပ်မရတော့လို့ ဆေးရုံဆီ အရောက်မှာတော့ သူမအနေနဲ့ လုံးဝမထင်မှတ်ထားတာကို ကြားလိုက်ရပါတယ်။ ဖြစ်တာက ကျောရိုးနဲ့ ဆက်နေတဲ့ အဓိက သွေးကြောမကြီးတစ်ခု ပေါက်ကွဲသွားတာပါ။ သွေးကြောပေါက်တော့ သွေးမလျှောက်တော့ပဲ ဦးနှောက်ထဲမှာ သွေးခဲတွေအဖြစ် ပိတ်နေပြီး ရလဒ်အနေနဲ့ လေဖြတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Kennedy News and Media

အခုဆိုရင်တော့ နာတာလီဟာ သူမဘ၀ကို အကောင်းဆုံး ဖြစ်အောင် ပြန်လည် တည်ဆောက်လျက်ရှိနေပါတယ်။ မထင်မှတ်ပဲ ဒီအတိုင်း ဇက်ချိုးရင်းကနေ လေဖြတ်သွားတဲ့ထိ အခြေအနေရောက်သွားတာကတော့ တော်တော့်ကို ဆိုးဝါးလွန်းတယ်လို့ ဆိုရမှာပါ။ ဆရာဝန်တွေကလည်း နာတာလီအနေနဲ့ ဘယ်အချိန်မှာ အားလုံး ပကတိ ပြန်လည်ကောင်းမွန်လာမယ်ဆိုတာကို ပြောပြဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးထားကြောင်းလည်း သိရပါတယ်။

Kennedy News and Media

လင်းလင်း (ShweMom)

READ
သင့်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အသီးအနှံ ၄ မျိုး

Ref: Dailymail

SHARE