မိဘစွန့်ပစ်ခံရပြီး၊ ကျန်းမာရေးစိုးရိမ်ရ မြေးမလေးကို၊ ရအောင်ကုမယ်လို့ဆိုတဲ့ အဖိုးအဖွား

အသည်းအစားထိုးကုသဖို့ လိုအပ်နေတဲ့ အသက် 2 နှစ်အရွယ် မြေးမလေး Sun Menghan ကို သူမရဲ့ အဖိုးအဖွားတွေက စောင့်ရှောက်ထားရပြီး၊ လက်ရှိအချိန်မှာ ငွေကုန်ကြေးကျများမယ့် ခွဲစိတ်မှုတွေအတွက် အကူအညီတွေ တောင်းခံထားပါတယ်။ Sun ဟာ မိဘနှစ်ဦးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် အခြေအနေက ပိုဆိုးလာတာပါ။

Sun ရဲ့ အခြေအနေဟာ အသက်အန္တရာယ်စိုးရိမ်နေရပြီး၊ မကြာသေးခင်က ခွဲစိတ်မှုများစွာ လုပ်ခဲ့ပေမယ့်၊ အောင်မြင်မှု မရခဲ့ပါဘူး။ သူမရဲ့ အဖိုးအဖွားတွေမှာလည်း ကနဦးခွဲစိတ်ခတွေ ပေးချေခဲ့ရလို့၊ ဘာပိုင်ဆိုင်မှုမှ မကျန်ရစ်တော့ပါဘူး။ ဒါပေမယ့် အဖိုးဖြစ်သူကတော့ သူရဲ့ မြေးမလေးကို မရရအောင် ကယ်မယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က Sun ရဲ့ မိဘနှစ်ဦးလည်း ကလေးကို ရနိုင်သမျှ ကုသပေးခဲ့ပေမယ့်၊ နောက်ဆုံး ငွေမတက်နိုင်တော့လို့ ဆေးရုံမှာပင် ပစ်ထားခဲ့ကြပါတယ်။။ သို့ပေမယ့် Sun ရဲ့ အဖိုးအဖွားနှစ်ဦးကတော့ ကလေးကို လုံးဝ မစွန့်လွှတ်ရက်ဘဲ၊ ဆက်လက် ကုသဖို့ ငွေကြေးစိုက်ထုတ်ခဲ့ပါတယ်။ အခုဆို သူတို့မှာ ခြူးတစ်ပြားမှ မကျန်ပါဘူးတဲ့။

READ
လကမ္ဘာကို အတူသွားဖို့ အမျိုးသမီး လက်တွဲဖော်ရှာနေတဲ့ ဂျပန်ဘီလီယံနာသူဌေးကြီး

လက်ရှိအချိန်မှာ အဖိုးအဖွား နှစ်ဦးစလုံးဟာ ငွေကြေးဆိုင်ရာ အခက်အခဲကို ဖြေရှင်းဖို့ ပရဟိတအသင်းတွေကို မျှော်လင့်နေပြီး၊ သူတို့မြေးမလေးဟာ သေချာပေါက် ရောဂါပျောက်ကင်းလိမ့်မယ်လို့လည်း ယုံကြည်နေရှာပါတယ်။ နောက် ကလေးကို ဒီအတိုင်းတော့ ဘယ်တော့မှ ပစ်ထားဖို့ စိတ်မကူးကြောင်း၊ ဒီကြားထဲ သေဆုံးသွားရင်တောင် သင်္ဂြိုဟ်ဖို့ သူတို့မှာ တာဝန်ရှိကြောင်း ဆိုပါတယ်။

ဒီအချိန်မှာပဲ Sun ရဲ့ အကြောင်းဟာ တရုတ်လူမှုကွန်ယက် မီဒီယာမှာ သတင်းပျံ့သွားခဲ့ပြီး၊ ကူညီလိုသူတွေ ပေါ်လာခဲ့ပါတယ်။ ကလေးအတွက် အရေးပါတဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ဖို့ ခန့်မှန်း ကုန်ကျစာရိတ်ဟာ ယွမ် 5 သိန်း ဖြစ်ပြီး၊ ပရဟိတ အဖွဲ့အစည်းတစ်ခုက ရံပုံငွေ Page တည်ထောင်ပြီး၊ Sun ရဲ့ ခွဲစိတ်မှုကုန်ကျစာရိတ်ကို စုဆောင်းပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက စေတနာရှင်တွေက စုပေါင်းပြီး၊ Sun အတွက် ယွမ် 5 သိန်းကို ကနဦးလှူဒါန်းမှုအဖြစ် လှူဒါန်းထားပြီးပါပြီ။ Sun ဟာ ခွဲစိတ်မှု ခြောက်ကြိမ်အထိ ထပ်မံ လုပ်ရဖို့ရှိပြီး၊ ဆရာဝန်တွေနဲ့ စေတနာရှင်အဖွဲ့ကလည်း Sun အသက်ကို ကယ်ဖို့အတွက် အားမလျှော့ကြပါနဲ့လို့ အဖိုးနဲ့အဖွားကို တိုက်တွန်းထားပါတယ်။

READ
ကမ္ဘာမြေမှနှစ်၁၀၀အတွင်းမထွက်ခွာရင် လူသားမျိုးနွယ်မျိုးတုံးမည်ဟု စတီဖန်ဟော့ကင်းဆို

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE