ကလေးတွေအတွက် မိဘတွေဆောက်ပေးထားတဲ့ ချစ်စဖွယ် သစ်ပင်တဲလေးများ

[email protected] [email protected]

COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ လူကြီးတွေထက် ကလေးတွေက တော်တော်ပျင်းနေကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ကလေးဆိုတဲ့အမျိုးက အမြဲတမ်းဆော့ကစားနေတတ်တဲ့ အမျိုးပါ။ ဒါပေမယ့် အခုလို အချိန်မျိုးမှာတော့ ကျောင်းတွေလည်း မတက်ရတော့အပြင် ဆော့နေကြ သူငယ်ချင်းတွေနဲ့ ပါ မတွေ့ရတော့ပဲ အိမ်မှာချည်းပဲ နေနေရတော့ သူတို့လေးတွေခမျာ တော်တော် ပျင်းနေရှာမှာပဲ။

View this post on Instagram

Runner bean tent!! #rookies #beantent

A post shared by Alison Scott (@mum.up.north) on

ဒါကြောင့် အနောက်နိုင်ငံတော်တော်များများက မိဘတွေကတော့ သူတို့သားသမီးတွေ မပျင်းရလေအောင် သားသမီးတွေနဲ့အတူတူ သစ်ပင်တဲလေးတွေ ဆောက်ပြီး ကလေးတွေကို ပျော်ရွှင်အောင်ထားကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

sunshine81158

ဒီလို သစ်ပင်တဲလေးတွေ ဆောက်ဖို့ကလည်း နည်းလမ်းက လွယ်ပါတယ်။ ပထမဦးဆုံး အကျယ်အဝန်းနေရာကို သတ်မှတ်ပြီး အဲဒီနေရာကို ပေါက်တူးနဲ့ ပတ်ပတ်လည် စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပါ။ အဲဒီနောက်မှာတော့ သစ်သားချောင်းတွေကို အဲဒီတူးထားတဲ့ စက်ဝိုင်းပေါ်မှာပဲ တိုင်ပုံစံလိုက်စိုက်ပြီး သစ်သားချောင်းတွေရဲ့ ထိပ်ကို အပေါ်ဆုံးကနေစုပြီး ကြိုးနဲ့ ချည်ထားလိုက်ပါ။ ပြီးတာနဲ့ ပိုက်ကွန်ဖြစ်ဖြစ်၊ ဇကာအကြီးစားတစ်ခုပဲဖြစ်ဖြစ် အဲဒီသစ်သားချောင်းတွေကို အုပ်ထားလိုက်ပါ။

READ
ယောက်ျားတွေ မုန်းတဲ့ မိန်းကလေးတွေရဲ့ အမူအရာနဲ့ အမူအကျင့်များ

နောက်ဆုံးမှာတော့ သစ်သားချောင်းတွေရဲ့ အောက်ခြေမှာ နွယ်ပင်အစေ့တွေကို လိုက်ချပြီး မကြာခဏရေလောင်းပေးပါ။ အကုန်လုံးသိတဲ့အတိုင်း နွယ်ပင်ဆိုတာက သူ့ဟာသူဒီအတိုင်းထားထားရင်တောင် ဘာမှမလုပ်ပေးရပဲ နွယ်ညွန့်တွေ တရိပ်ရိပ်တက်လာတတ်တဲ့ အမျိုးအစားပါ။ နောက်ဆုံးမှာတော့ သားသမီးတွေသာမက ကိုယ်ဟာကိုယ်တောင် ပျင်းရင် အထဲဝင်အိပ်နေလို့ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

 

Pyi Hein Kyaw

SHARE