ငယ်​စဉ်​ကParent’s Day မှာ မိဘထံသို့ရေးခဲ့ဖူးတဲ့စာကို Instagramမှာတင်ခဲ့တဲ့G-Dragon

GD ဟာ ​မေလ ၈ ရက်​​နေ့မှာကျ​ရောက်​ခဲ့တဲ့ ကိုးရီးယားနိုင်​ငံရဲ့ မိဘများ​နေ့မှာ သူငယ်​စဉ်​က မိဘများထံ ​ရေးခဲ့တဲ့စာနဲ့ သူ့မိဘပုံများကို Instagram မှာချပြခဲ့ပါတယ်​။သူ့မိဘ​တွေကို ​လေးစားချစ်​ခင်​တဲ့အ​နေနဲ့ “#ChildhoodHandwrittenLetter#ParentsDay” ဆိုတဲ့ Caption နဲ့ တင်​ခဲ့တာပါ။ ဒီစာဟာ GD မူလတန်း​လောက်​က​ရေးခဲ့တဲ့ လက်​​ရေး ဖြစ်​ပြီး အရာရာအတွက်​ မိဘနှစ်​ပါးကို​ကျေးဇူးတင်​​ကြောင်း၊ သားလိမ္မာ​လေးဖြစ်​​​အောင်​ကြိုးစားမည်​ဖြစ်​​ကြောင်း ​ရေးသားထားတာပါ။ ​ငယ်​ငယ်​​လေးထဲက ​တော်​တဲ့ GD ​လေးပါပဲ​နော်​။
GD မူလတန်းတုန်းက​ရေးခဲ့တဲ့ မိဘထံသို့လက်​​ရေးစာ
စာမှာ​ရေးထားတာက……
“အလွန်​ကြီးမားလှတဲ့ ချစ်​ခြင်း​မေတ္တာ​တွေအတွက်​ အ​ဖေနဲ့အ​မေကို မိဘများ​​နေ့မှာ ​ကျေးဇူးတင်ချင်​ပါတယ်​။ကျွန်​​တော်​ကို ​​​ကျွေးမွေးပေးခဲ့တာ​တွေ၊ ကျန်းမာ​အောင်​ပြုစု​ပေးခဲ့တာ​တွေ၊ ​ကောင်းမွန်​တဲ့​ကျောင်းကိုထား​ပေးတာ​တွေကို ကျွန်​​တော်​မ​မေ့ပါဘူး။အ​မေ့အလုပ်​​တွေမကူ​ပေးနိုင်​လို့ သား​တောင်​ပန်​ပါတယ်​။ဒါ​ပေမဲ့ တစ်​​နေ့မှာ အ​မေ့ကိုကူညီ​ပေးနိုင်​တဲ့သားတစ်​​ယောက်​ဖြစ်​ရပါ​စေမယ်​။ လိုချင်​တာတွေဝယ်​​ပေးဖို့ အ​ဖေနဲ့အ​မေကိုလည်း ခဏခဏမပူဆာ​တော့ပါဘူး။အ​ဖေနဲ့အ​မေ အမြဲကျန်းမာပါ​စေလို့သားဆု​တောင်းပါတယ်​။ အ​ဖေနဲ့အ​မေကိုချစ်​တဲ့ သား ဂျီ​ယောင်​ (Jiyong)” ဆိုပြီး​ရေးထားတာပါ။
တော်​လိုက်​တဲ့ ​GD ​လေး..
GD ငယ်​စဉ်​ကမိဘများရဲ့ပုံ
GD မူလတန်းတုန်းက(ရုပ်​​ပြောင်​နဲ့ ချစ်​စရာ​လေး)
Grinny (Shwemom)
Source: Koreaboo
SHARE