မိဘတွေကိုယ်တိုင် ထောင်ထဲထည့်ခြင်းကို ခံခဲ့ရတဲ့ အဓမ္မကျူးလွန်သူ ကျောင်းသားလေး

Facebook- Jonathan Evans

အမှုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်တုန်းက ဖြစ်သွားခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Jack Evans ဟာ အထက်တန်းကျောင်းမှာ စာတော်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆယ်ကျော်သက်တို့သဘာဝအတိုင်း လက်တည့်စမ်းချင်တဲ့ စိတ်သဘောကြောင့်လားမသိဘူး သူငယ်ချင်းမိန်းကလေးတစ်ဦးကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တပါ။

အခု နှစ်လလောက်ကြာကာမှ Jack Evans ဟာ အဲဒီမိန်းကလေးကို တောင်းပန်ကြောင်း မတ်ဆေ့ခ်ျပို့တာကို မိဘတွေ မိသွားခဲ့ကြတာပါ။ မိသွားတဲ့အချိန်မှာတော့ သားဖြစ်သူရဲ့အပြစ်တွေကို ဖုံးမဖိဘဲနဲ့ သူတို့ကိုယ်တိုင် ရဲစခန်းကို လိုက်ပို့ခဲ့ပါတယ်လို့ Daily Mail မှာ ဖော်ပြထားခဲ့ပါတယ်။

Facebook- Jonathan Evans
Facebook- Jonathan Evans

စခန်းရောက်တဲ့အချိန်မှာတော့ Jack Evans ကို မေးစရာရှိတာမေးပြီး အဓမ္မအကျင့်ခံခဲ့ရတဲ့ ကောင်မလေးကိုလည်း သွားရောက်မေးမြန်းမှုတွေလုပ်ခဲ့ကာ အမှုဖွင့်တိုင်ကြားစေခဲ့ပါတယ်။ ကောင်မလေးဟာ ဘယ်သူနဲ့မှမပတ်သက်ခဲ့ဖူးတဲ့ ရိုးရိုးအေးအေးလေးပါတဲ့လေ။ အခုလို ငယ်ငယ်လေးနဲ့ အကြမ်းဖက်ခံခဲ့ရတဲ့အတွက် မိန်းကလေးရဲ့စိတ်ထဲမှာတော့ တော်တော်လေး စိတ်ဒဏ်ရာရသွားကာ အမျိုးသားကြောက်တဲ့စိတ်ရောဂါတောင် ရသွားခဲ့ပါတယ်တဲ့။

READ
ချို့ယွင်းနေတဲ့ သူ့ရုပ်ရည်ကြောင့် ဘယ်သူမှ မမွေးစားချင်တဲ့ခွေးကို ယခုမွေးလိုသူများပြား
Facebook- Jonathan Evans

Jack Evans ရဲ့ ဖခင်ကတော့ သားဖြစ်သူကို ကိုယ်တိုင်လုပ်ခဲ့တဲ့လုပ်ရပ်တွေကို အမှတ်တိုင်းဝန်ခံစေချင်ပြီး တရားမျှတမှုကိုပဲ လိုလားပါတယ်လို့ပြောလာခဲ့ပါတယ်။ အမှုစစ်ဆေးပြီးခဲ့တအချိန်မှာတော့ Jack Evans ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခဲ့ပါတော့တယ်။

Merthyr Tydfil Crown Court

Penny

SHARE