PS4 ဂိမ်းပလပ်ကို သော့ခလောက်နဲ့ပိတ်ပြီး ကလေးတွေကို ပညာပေးခဲ့တဲ့ မိဘနှစ်ပါး

Weibo/Sina

သားသမီးတွေ တီဗ္ဗီဂိမ်းဆော့တဲ့ကိစ္စကတော့ မိဘတွေနဲ့ သားသမီးကြားထဲမှာ အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာတစ်ခုပါ။ သားသမီးတွေကလည်း အမြဲတမ်းကျောင်းစာတွေနဲ့ လုံးပမ်းပြီး စိတ်ပြေလက်ပျောက် ဂိမ်းဆော့တတ်သလို မိဘတွေဘက်ကလည်း သားသမီးတွေ စာမလုပ်ပဲ ဂိမ်းကိုပဲ ဆော့နေတယ်လို့ထင်ပြီး စိတ်ပူတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဂိမ်းကစားတဲ့ကိစ္စမှာ သားသမီးဘက်ကကြည့်ကြည့်၊ မိဘဘက်ကပဲကြည့်ကြည့် နှစ်ဖက်စလုံး မှန်တဲ့ ဘက်ကချည်းပါ။ ဒါပေမယ့် စာမလုပ်ပဲ တီဗ္ဗီဂိမ်းချည်းပဲ အမြဲတမ်းဆော့နေလို့ကတော့ အဆင်မပြေပါဘူး။

ဒါကြောင့်လဲ မလေးရှားနိုင်ငံက မိဘနှစ်ပါးကတော့ သူတို့ကလေးတွေဟာ ပြောစကားနားမထောင်ပဲ အမြဲတမ်းဂိမ်းပဲဆော့နေတာကြောင့် ဂိမ်းပလပ်ပေါက်ကို သော့ခလောက်နဲ့ ခတ်ပြီး သူတို့ကလေးတွေကို ပညာပေးခဲ့ကြောင်း World Of Buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Weibo/Sina

ကမ္ဘာပေါ်မှာ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တာ အများဆုံးနိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ လျှပ်စစ်ပစ္စည်းတော်တော်များများကတော့ Type A ဒါမှမဟုတ် Type B ပလပ်ပေါက် အမျိုးအစားတွေမှာ သုံးလို့ရအောင်ထုတ်လုပ်တတ်ပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံမှာတော့ Type G ပလပ်ပေါက်အမျိုးအစားတွေကို အသုံးပြုတာ ပိုများပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံက မိဘနှစ်ပါးဟာ သော့ခတ်လို့ရတဲ့ Type G ပလပ်ပေါက် အမျိုးအစားပါ PS4 ဂိမ်းစက်ကို သောာ့ခလောက်နဲ့ သော့ခတ်ခဲ့ပြီး သူတို့ကလေးတွေ ဂိမ်းမဆော့နိုင်ငအောင် ပညာပေးခဲ့တာ ဖြစ်ပါတယ်။

READ
နိုင်ငံတကာအမျိုးသမီးများနေ့မှာ ယောက်ျားဖြစ်သူရဲ့ဝှေးစေ့ကိုဆွဲဖြုတ်ပစ်တဲ့အမျိုးသမီး
Weibo/Sina

“ ကလေးတွေက စာလုပ်တဲ့အချိန်ကနည်းနေတယ်။ ကျောင်းကပြန်လာတာနဲ့ လွယ်အိတ်တန်းချပြီး ဂိမ်းပဲတန်းဆော့တယ်။ ခဏတစ်ဖြုတ်ဆော့ရင် ဘာမှ မပြောဘူး။ အခုကဆော့တာ တရားလွန်ကြီး။ ကလေးတွေက ပြောစကားလဲ နားမထောင်ဘူး။ ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးကလည်း ရိုက်နှက်ပြီး မဆုံးမချင်ဘူး။ ဒါ့ကြောင့် သေချာစဉ်းစားပြီး ဒီအကြံအစည်ရလာတာပဲ။

လုံးဝပေးမဆော့ပဲ ထားတာမဟုတ်ပါဘူး။ သူ့အချိန်နဲပသူပေးကစားတယ်။ ကစားချင်ရင် စာအရင်လုပ်။ စာရပြီဆိုတော့မှ သော့ပေးလိုက်တယ်။ သူတို့ဘာသာ သော့ဖွင့်ပြီးကစား။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တာနဲ့ သော့ပိတ်ပြီး ပြန်လာပေး။ အကြံကတော့တော်တော်မိုက်ပါတယ်” လို့ အဆိုပါ ကလေးတွေရဲ့ ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

Weibo/Sina

Pyi Hein Kyaw

SHARE