မိတွေကတော့ သားသမီးတွေနဲ့ပတ်သက်လာရင် ချစ်စိတ်ကြောင့် အကဲပိုတတ်တာ အားလုံးအသိပါပဲ။ သူတို့သားသမီးတွေ ဘယ်လောက်ပဲ အသက်ကြီးသွားကြီးသွား၊ သူတို့ရဲ့စိတ်ထဲမှာတော့ ကလေးလေးတွေလို့သာ မြင်တတ်ကြပါသေးတယ်။ ဒါကတော့ မိဘတိုင်းလိုလိုပါပဲ။ လေ့လာမှုတစ်ခုအရတော့ အသက်အရွယ်အိုမင်းနေတဲ့ မိဘတွေဟာ အရွယ်ရောက်ပြီးသား သားသမီးတွေကို အိပ်ရေးပျက်တဲ့အထိ စိတ်ပူနေတတ်ကြတုန်းပါပဲတဲ့။ Uplifting Today မှာ ဖော်ပြထားချက်ကို ပြန်လည်ကိုးကားပြီး မျှဝေပေးလိုက်ပါတယ်နော်။

နယူးယောက်၊ Penn State က အသက်ကြီးပိုင်းများရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတွေကို တာဝန်ယူလေ့ရှိတဲ့ ထိပ်တန်းပညာရှင် Amber J. Seidl ကနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သိပ္ပံနည်းစနစ်အရ မှန်ကန်တယ်ဆိုတာ ပြောခဲ့တာပါ။ အသက်အရွယ်အိုမင်းနေတဲ့ မိဘတွေဟာ သူတို့ရဲ့လူကြီးအရွယ်သားသမီးတွေကို စိတ်ပူတတ်ကြတဲ့ပူပန်မှုမျိုးဟာ သားသမီးတွေ ငယ်စဉ်ကလေးဘဝတုန်းက ပူပန်ခဲ့ရတဲ့ ပူပန်မှုမျိုးနဲ့ အတူတူပါပဲတဲ့။ စိတ်ဖိဆီးမှုရှိတာချင်းလည်း တူညီနေတတ်ပေမယ့်လို့ အသက်ကြီးလာတာနဲ့အမျှ မိဘတွေဖို့ကတော့ တူညီတဲ့စိတ်ဖိဆီးမှုမျိုးကို အရင်ကလောက်မခံနိုင်တော့ကြတာတစ်ခုကတော့ စိုးရိမ်ရစရာပါပဲ။ အဲဒီလိုစိတ်ဖိဆီးမှုကနေပဲ အိုမင်းနေတဲ့မိဘတွေကို ညဖက်အိပ်မပျော်နိုင်စေတာမျိုးတွေ ဖြစ်ပေါ်လာတတ်တာပါ။

ဒီအချက်ကိုအတည်ပြုဖို့အတွက် အရင်ဆုံးလုပ်ခဲ့ရတာကတော့ စစ်တမ်းကောက်ခြင်းပါပဲ။ ဒီစစ်တမ်းကောက်ယူမှုမှာတော့ လက်ထပ်ပြီးသား၊ ကလေးရှိနေတဲ့ သက်ကြီးစုံတွဲ ၁၈၆ တွဲကို စစ်တမ်းကောက်ခဲ့ပါတယ်။ စုံတွဲတွေရဲ့ အမျိုးသားအသက်ပျမ်းမျှကတော့ ၅၈ နနှစ်ရှိနေပြီး အမျိုးသမီးတွေရဲ့ပျမ်းမျှအသက်ကတော့ ၅၇ နှစ်ပါ။ အဲဒီ ၁၈၆ တွဲလုံးဟာ အရွယ်ရောက်ပြီးသား ၃၀ နဲ့ ၃၀ ကျော်အရွယ် သားသမီးတွေကို အခုအချိန်အထိ စိုးရိမ်သောကရောက် ပူပန်နေရတုန်းပဲလို့ ရှာတွေ့ခဲ့ပါတယ်။
ဒါကြေင့် Amber J. Seidl ရဲ့ အကြံပေးချက်ကတော့ မိဘတွေအနေနဲ့ သူ့ဘဝနဲ့သူအခြေတကျဖြစ်နေတဲ့ သားသမီးတွေကို ကျန်းမာရေးထိခိုက်သည်အထိ မလိုအပ်ဘဲ စိတ်ပူပန်မှုတွေ မရှိအောင် နေကြပါတဲ့။
Do you still lose sleep worrying about your children even now that they’re grown? You’re not alone! Read this study that confirms that parents still lose sleep worrying about their adult children. https://t.co/QIpzTAbF3C
— SleepScore (@SleepScore) July 12, 2018
Penny