ပဲရစ်မှာ ဖွင့်လှစ်တော့မယ့် ရေပေါ် ရုပ်ရှင်ရုံ

Image: Le cinema sur l’eau

ကိုဗစ် ကြောင့် လူတွေရဲ့ နေ့စဉ် လှုပ်ရှားသွားလာ နေတဲ့ ဘ၀ နေ ထိုင်မှု ပုံစံ တွေ က တဖြည်း ဖြည်း ပြောင်း လဲ လာခဲ့ပါတယ်။အခုထိ ပျောက်ကင်း၊ကာကွယ်နိုင်တဲ့ ဆေးရယ်လို့ သေချာ မ ပေါ် သေး တဲ့ အ နေ အထား မို့   လူ အချင်းချင်း ခပ်ခွာ ခွာ နေ နေကြ ရပါတယ်။social distancing  ဆိုတဲ့ ကန့် သတ်ချက်ကို လိုက်နာ နေ ရတုန်းပါ။ ကိုဗစ် ကြောင့် ပွဲလမ်း ကျင်းပမှုတွေကို ရပ်ထားရတဲ့ အပြင် ရုပ်ရှင် ရုံ တွေ လို လူထူ တဲ့ နေရာ မျိုး တွေ ကိုပါ ယာယီ ပိတ် ထား ရပါတယ်။ဒါကြောင့် လည်း social distancing ကိုလည်း လိုက်နာ၊ ထူးခြား လူ နေမှု ပုံစံ မျိုး တွေ ကို ဖန်တီးလာခဲ့ပါတယ်။အခု ဆိုရင်တော့  ပြင်သစ်မှာ ရေ ပေါ် ရုပ်ရှင်ရုံ ဆိုပြီး ဖန်တီးလိုက်ပါတယ်။ဒီအ ကြောင်း ကိုတော့ boredpanda မှာ ဖော်ပြထားတာပါ။

https://quefaire.paris.fr/105780/paris-plages-le-cinema-sur-l-eauImage credits: Le cinema sur l’eau

ဇူလိုင်က စပြီး ပြင်သစ်နိုင်ငံ ပဲရစ်မှာတော့ ပထမဆုံး ရေ ပေါ် ရုပ်ရှင် ရုံကို မိတ် ဆက် ပေး လိုက်ပါပြီ။ အဲ့ဒီ မှာ တော့  လာ ရောက်ကြည့်ရှု သူတွေ က လျှပ်စစ်လှေ လေးတွေ ပေါ် ကနေ ရုပ်ရှင်ကြည့်ရမှာပါ။တစ်စီး နဲ့ တစ်စီး လည်း  ခပ် ခွာ ခွာ အ နေအထား ထား ပေးတာ မို့ social distancing ကိုလည်း လိုက်နာ ပြီးသားပါ။“Cinéma sur l’Eau” လို့ ခေါ် တဲ့ ရေ ပေါ် ရုပ်ရှင် ရုံ တွေကိုတော့ ဇူလိုင် (၁၈) က စပြီး Seine မြစ် ပေါ် မှာ ကြည့်ရှု နိုင် တော့ မှာပါ။

ပဲရစ်မှာ နွေဦး အချိန် ရောက်ရင် ကြည့်နိုင်တော့မှာပါ။လျှပ်စစ် လှေ (၃၈)စီး ထား ပေးထားမှာပါ။တစ်စီး မှာတော့ လူ နှစ် ယောက် ကနေ ခြောက် ယောက် အထိ ထိုင်လို့ ရပါတယ်။တခြား ကြည့်ချင်တဲ့ သူတွေ ရှိရင် လည်း Seine မြစ် ကမ်း ပေါ်က ကုန်းပတ် ပေါ် တွေ က နေကြည့်နိုင်မှာပါ။ရေ ပေါ် ရုပ်ရှင် ရုံ ဖွင့်တဲ့ ကိစ္စ ဟာ Paris Plages ဆိုတဲ့ ပရို ဂရမ် စတင်တဲ့ အထိမ်းအမှတ် တစ်ခုပါ။Paris Plages က တော့ ပဲရစ်မှာ ပုံမှန်ကျင်းပတဲ့ ပွဲပါ။Seine မြစ် ကမ်း တစ် လျောက်နဲ့ Bassin de la Villette တို့ မှာ နွေရာသီ ရောက်ရင် ယာယီ ကမ်း ခြေ တွေ ကို ဖန်တီး  တဲ့ ပွဲပါ။ (၂၀၀၂)တည်းက စပြီး နွေရာသီ ရောက်တိုင်း ယာယီ ကမ်းခြေ မျိုး ဖန်တီးပြီး အနားယူ အပန်း ဖြေ လေ့ရှိပါတယ်။

 

View this post on Instagram

 

#paris #plages #parisplages #sun #clouds #seine

A post shared by Omid Keshtkar (@omidix) on

#SHWEMOM

 

READ
ရွာသားအားလုံးကို စိုးရိမ်မှုတွေ မြင့်တက်စေခဲ့တဲ့ မကောင်းဆိုးဝါး ပူးဝင်နေတဲ့အရုပ်

 

SHARE