Baeksang Art Awards ပွဲမှာ အကြည့်တွေ မခွာနိုင်ဖြစ်နေတဲ့ BoYoo စုံတွဲ

(၅၃)ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Baeksang Arts Awards’ ဆုပေးပွဲကို မေလ(၃)ရက်နေ့က ဆိုးလ်မြို့မှာ ကျင်းပပြုလလုပ်ခဲ့ပါတယ်။ဒီဆုပေးပွဲမှာတော့ ရုပ်ရှင်နဲ့TV မှာ ထူးချွန်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ Baeksang Arts  ဆုပေးပွဲညမှာတော့ Star Century Popularity Award TV ကိုတော့ Park Bo Gum နဲ့ Kim Yoo Jung တို့က (Moo nlight Drawn By Clouds)ဇာတ်ကားနဲ့ရခဲ့ပါတယ်။

Popularity Award Movie ဆုကိုတော့ Yoona က (Confidential Assignment) ၊ Do Kyung Soo က(Brother) ဇာတ်ကားနဲ့ရခဲ့ပါ တယ်။ Best Drama Actor ဆုကိုတော့ Gong Yoo က(Goblin)ဇာတ်ကားနဲ့ရခဲ့ ပါတယ်။Best Drama Actress ဆုကိုတော့ Seo Hyun Jin က ( Again Oh Hae Young) နဲ့ရခဲ့ပါတယ်။Best New Drama Actor ဆုကိုတော့ Kim Min Seok က (Doctors)ဇာတ်ကားနဲ့ရခဲ့ပါတယ်။Best New Drama Actress ဆုကိုတော့ Lee Se Young က(Laurel Tree Tailors)ဇာတ်ကားနဲ့ရခဲ့ပါ တယ်။

READ
လည်ပြန်ငေးစရာ အမိုက်စားဖက်ရှင်နဲ့ ပွဲတက်လာတဲ့ Kendall Jenner

ဆုပေးပွဲမှာတော့ Star Century Popularity Award TV ဆုကိုရခဲ့တဲ့ Park Bo Gum နဲ့ Kim Yoo Jung တို့ ဆုပေးပွဲမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြ င်နာနေတဲ့ မြင်ကွင်း ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါ တယ်။ချစ်စရာကောင်းတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့နိုင်ပါတယ်။

Nilar(Shwemom)

Ref;koreabo

SHARE