ဒရမ်မာဇာတ်ကားသစ် အတူရိုက်ကူးမယ့် Jang Donggun နဲ့ Park Hyungsik

Strong Woman Do Bong-soon ဇာတ်ကားထဲက မင်းသားချော  Park Hyungsik နဲ့ မင်းသား Jang Donggun တို့ဟာ ဒရမ်မာ ဇာတ်ကားသစ် တစ်ခုကို အတူ ရိုက်ကူးကြမယ်လို့ သိရပါတယ်။မင်းသား Jang Donggun ကတော့ တစ်ချိန်တုန်းက ” ဆည်းဆာရင်ခုန်သံ” ဆိုတဲ့ ဇာတ်ကားနဲ့ မြန်မာပ ရိသတ်တွေကြား မှာ ဒါရိုက်တာ ရင် ဆိုပြီး အရမ်းကို နာမည်ကြီးခဲ့တဲ့ မင်း သားချောပါ။ဒီအကြောင်းကိုတော့ kstarlive မှာဖော်ပြထားပါတယ်။

သူတို့နှစ်ယောက်ဟာ အမေရိကန်ဒရမ်မာ ဖြစ်တဲ့ ‘Suits” ကို KBS2 ကနေ ပြန် ရိုက်ကူးမယ့် ဇာတ်ကားမှာ အတူသရုပ်ဆောင်ကြမှာပါ။‘Suits’  ကတော့ ရှေ့နေတစ်ယောက်ကနေ ကျော င်းထွက်ထားတဲ့ ကျောင်းသားကို သူ့ရဲ့ partner အဖြစ် ငှားပြီး ၊တရားရေးရာ အကြောင်းကို နောက်ခံထားရိုက်ကူးထားတာပါ။အဲ့ဒီရှေ့နေ နေရာ မှာတော့  Jang Donggun ကသရုပ်ေ ဆာင်မယ်လို့ သိရပါတယ်။  Park Hyungsik ကတော့ ကျောင်းထွက်လိုက်ရတဲ့ ကျောင်းသားေ နရာကနေ သရုပ်ဆောင်မယ် လို့သိရပါတယ်။ဒီဇာတ်ကားကိုတော့ (၂၀၁၈) အစောပိုင်းလောက်မှာ ထုတ်လွှင့်ပြသမယ်လို့ မျှော်လင့်ရပါတယ်။

READ
ပုံအသစ်လေးတွေနဲ့ ဖမ်းစားလိုက်တဲ့ ဒေါက်တာမလေး ခင်ဆုရည်

မင်းသား Park Hyungsik  ကို အားပေးတဲ့ ပရိသတ်တွေ အတွက် ရော ဟိုးအရင်တည်းက ဒါရိုက်တာရင် ( Jang Donggun) ရဲ့ ပရိသတ်တွေ ပါ သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာတော့  သေချာပါတယ်။Jang Dong Geun အဖို့တော့ ဒါဟာ A Gentleman’s Dignity ဆိုတဲ့ ဇာတ်လမ်းတွဲအပြီး ငါးနှစ်တာကာလအတွင်း ပထမဆုံး ဇာတ်ကားဖြစ်လာမှာပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE