Park Min Young နဲ့Kim Jae Wook တို့ကို အတူတွဲတွေ့ရမယ့် အချစ်ဟာသဇာတ်လမ်းတွဲအသစ်

What’s Wrong With Secretary Kim ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Park Min Youngနဲ့ The Guests ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ဖာသာလို့ နာမည်ကျော်နေတဲ့ Kim Jae Wook တို့ကိုတော့ အချစ်ဟာသဇာတ်လမ်းတွဲတစ်ဖြစ်တဲ့ ‘Her Private Life’  ဆိုတဲ့ ဇာတ်လမ်းမှာ တွေ့ရတော့မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ Park Min Youngက ပန်းချီပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်၂၀ကျော်လောက်ကတော့ အိုင်ဒေါတွေကို အရူးအမူးအားပေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တာကို ဖုံးကွယ်ဖို့ကြိုးစားနေတဲ့သူပါ။ Kim Jae Wook ကတော့ အခြားသူတွေအကြောင်းကို စိတ်မဝင်စားတတ်တဲ့ ပန်းချီပြတိုက်ရဲ့ ဒါရိုက်တာချုပ်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားထဲမှာတော့ SKY Castle ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Bora နဲ့  Hwayugi (ဆွန်းအိုဂုံ) ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ One တို့ကလည်း ပါဝင်ထားပါသေးတယ်။ Kim Bora ကိုတော့ အိုင်ဒေါတွေရဲ့ နောက်ကို တစ်ကောက်ကောက်လိုက်တဲ့ ဓါတ်ပုံတွေလိုက်ရိုက်တဲ့ Fansite masternim အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

READ
လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ သီချင်းနဲ့ ချစ်စရာကောင်းနေတဲ့ သွန်းဆက်ရဲ့ ဗီဒီယိုဖိုင်

Oneကိုတော့ White Oceanဆိုတဲ့ ကေပေါ့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ Touch Your Heart Dramaအပြီး ၂၀၁၉ ဧပြီလ ၃ရက်နေ့မှာtvN ကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Source: Soompi

SHARE