လည်ပြန်ငေးရတဲ့အထိ လှရက်နိုင်လွန်းတဲ့ Park Min Young ဖက်ရှင်များ

IG/parkminyoungx

အတွင်းရေးမှူးကင်လို့ ပြောလိုက်တာနဲ့ သူမရဲ့ လှပလွန်းတဲ့ ဟန်ပန်ကို တန်းပြီး မြင်မိကြမှာပါ။ သူမကတော့ ဖက်ရှင်အမြင်ရှိလှစွာ အမြဲ တွဲဖက် ဝတ်လေ့ ရှိသူ တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေက သူမကို အမြဲ ရင်သတ်ရှုမောစရာ ဖြစ်သွားလောက်အောင် လှပနေစေပါသေးတယ်။

View this post on Instagram

Her Private Life

A post shared by PARK MIN YOUNG (박민영) (@parkminyoungx) on

သူမကတော့ ၁၉၈၆ ခုနှစ် မတ်လ ၄ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ၃၄ နှစ် ရှိနေပါပြီ။ သရုပ်ဆောင်၊ မော်ဒန် နဲ့ အစီအစဉ်တင်ဆက်တဲ့သူအဖြစ် နာမည်ကျော်ကြားလှပြီး ၂၀၀၅ ခုနှစ်တည်းက အနုပညာလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူပါ။ ၂၀၀၆ တည်းက Hick Kick ဇာတ်လမ်းမှာ ပါဝင်ခဲ့ပြီး ဆောင်ကျန်ကွမ် အရှုပ်တော်ပုံဆိုတဲ့ ဇာတ်လမ်းတွဲမှာ သူမကို နိုင်ငံအနှံ့အပြားမှာ နာမည်ကျော်သွားစေခဲ့ပါတယ်။

READ
လူမျိုးရေးခွဲခြားတဲ့ အပြုအမူလုပ်ခဲ့လို့ သရဖူမျှော်လင့်ချက်မဲ့နေတဲ့ Miss USA

https://www.instagram.com/p/CAmvIpMjG3v/

များစွာသော ရုပ်ရှင်တွေထဲကနေ အခုဆိုရင် What’s Wrong with Secretary Kim ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ အတူ သူမရဲ့ အောင်မြင်မှုကို အမြောက်အများ ရရှိသွားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကလွဲရင် ၂၀၀၆ ခုနှစ်ကနေ လက်ရှိ ၂၀၂၀ အထိ နှစ်တိုင်း ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးနေခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ အောင်မြင်မှုတွေထဲမှာ ဖက်ရှင်ကလည်း အမြဲတမ်းလိုလို သတိထားမိစရာ ဖြစ်နေခဲ့ပါတယ်။ လေဆိပ်ဖက်ရှင်တွေကလည်း အမြဲ ထူးခြားပြီး သူမကို လှပသထက် လှပနေခဲ့တာချည်းပဲ ဖြစ်ပါတယ်။

View this post on Instagram

180830 Incheon Airport

A post shared by PARK MIN YOUNG (박민영) (@parkminyoungx) on

ဘယ်လို ပုံစံ ဖက်ရှင်နဲ့မဆို လိုက်ဖက်နေတဲ့သူမကတော့ နတ်သမီးလေး တစ်ပါးအလား အမြဲ လှပနေပါတော့တယ်။

READ
မြန်မာပြည် ပြန်ပြီး သင်တန်းဖွင့်မယ့် သဇင်

https://www.instagram.com/p/B8ynMooJXH7/

Kham

SHARE