Kim Ji Won နဲ့ Park Seo Joon တို့ကို လက်ထပ်စေမယ့်အရာတစ်ခု

Kim Ji Won နဲ့ Park Seo Joon ဟာသူတို့ရိုက်ကူးထားတဲ့ Dramaဇာတ်လမ်းသစ်တစ်ခုဖြစ်တဲ့ Fight My Way ကြည့်ရှုနှုန်း ၃၀%ထိမြင့်တက်ပါက လက်ထပ်မည်ဖြစ်ကြောင်းကတိပေးလိုက်ပါတယ်။

KBS ရုပ်သံဌာနရဲ့ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Fight My Way မိတ်ဆက်ပွဲကို ယွန်ဒန်ပို(Yeongdeungpo) Time Square မှာသရုပ်ဆောင်အဖွဲ့သားများနဲ့အတူကျင်းပခဲ့ပါတယ်။

ကြည့်ရှုနှုန်းမြင့်တက်လာစေဖို့်အတွက်​သရုပ်ဆောင် Kim Sung Oh ဟာ viewership rating ၃၀% မြင့်တက်လာတာနဲ့ ဒီ ဇာတ်လမ်းရဲ့Main character တွေဖြစ်တဲ့ Ji Won နဲ့ Seo Joon တို့ကလက်ထပ်မှာဖြစ်ကြောင်း၊

တကယ်လို့ ကြည့်ရှုနှုန်း ၃၀%အောက်လျော့ကျခဲ့ပါက ဒုတိယ Characterတွေဖြစ်တဲ့ Ahn Jae Hong နဲ့ Song Ha Yoon တို့ကလက်ထပ်မှာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။

READ
နန်းဆန်နေတဲ့ ဇေရဲထက်ကို လိုက်စနေတဲ့ အောင်လေး

ဒီကတိဟာရယ်စရာတစ်ခုအနေနဲ့ပေးခဲ့ပေမယ့်လည်း ပရိတ်သတ်တွေကတော့ Ji Won နဲ့ Seo Joon တို့နှစ်ယောက်တကယ်ပဲသူတို့ပေးထားတဲ့ကတိတည်မလားဆိုတာမျှော်လင့်စောင်စားလျက်ရှိနေကြပါတယ်။

Fight My Way ကိုတော့ မေ၂၂ ရက်နေ့တွင် KBS ရုပ်သံလိုင်းမှာစတင်ထုတ်လွှင့်​ပြသတော့မှာပဲဖြစ်ပါတယ်။

ဒီနှစ်ယောက်ကိုသဘောကျတဲ့ပရိတ်သတ်တွေလည်း သူတို့တကယ်ပဲလက်ထပ်ဖြစ်မလားဆိုတာစောင့်ကြည့်ကြပါစို့။

Grinny (shwemom)

Source: Koreaboo

SHARE