Dram အသစ်မှာ Park Seo Jun နဲ့အတူ တွေ့မြင်ရမယ့် မင်းသမီးချော Jun Ji Hyun

SBS Star

မင်းသားချော Park Seo Jun က မကြာခင်ရိုက်ကူးတော့မယ် drama အသစ်မှာ မင်းသမိး Jun Ji Hyun နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ Park Seo Jun ကမကြာခင် ရိုက်ကူးမယ့် ‘Jirisan’ ဆိုတဲ့ ဇာတ်ကားသစ်ကို မင်းသမီးချော Jun Ji Hyun က ရိုက်ကူးဖို့ လက်ခံလိုက်တယ်ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

SBS Star

‘Jirisan’ ဆိုတဲ့ ဒီဇာတ်ကားသစ်ဟာ budget များများ အသုံးပြုမယ့် ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်ကားတစ်ပိုင်းစီဟာ 2 billion အထိကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ဒီဇာတ်ကားမှာ အပိုင်း 16 ပိုင်းပါဝင်မှာ ဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျငွေကို 32 billion အထိကုန်ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။

READ
ပန်းဆီရောင်ရဲရဲလေးနဲ့ သူမတူအောင် လှနေပြန်တဲ့ ဝတ်မှုန်ရွှေရည်
SBS Star

ခုရိုက်ကူးမယ့် ‘Jirisan’ လိုဇာတ်ကားမျိုး ရိုက်ကူးမှုမျိုးတွေ သိပ်မရှိသေးဘူးဆိုတဲ့ အကြောင်းကို ကြေညာထားပြီး ဒီဇာတ်ကားကို စာရေးဆရာ Kim Eun-hee ရေးသားထားတာပဲ ဖြစ်ပါတယ်။ Kim Eun-hee ရေးသားတဲ့ ဇာတ်ကားတော်တော်များများဟာ အောင်မြင်မှု ရရှိထားတဲ့ ကားတွေဖြစ်ပြီး ‘Sign (2011)’, ‘Phantom (2012)’, ‘Signal (2016)’, ‘Kingdom (2019)’ စတဲ့နာမည်ကြီး ဇာတ်ကားတွေကို ရေးသားခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

SBS Star

များစွာသော ပရိတ်သတ်တွေကလည်း ဒီဇာတ်ကားကို စိတ်ဝင်စားလျက်ရှိပြီးတော့ ‘Legend of the Blue Sea’ ထွက်ရှိပြီး လေးနှစ်ကြာပြီးနောက် မင်းသမီးချော Jin Ji Hyun ကိုပြန်လည် တွေ့မြင်ရမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ နောက်ပြီး မင်းသား Park Seo Jun နဲ့ မင်းသမီး Jun Ji Hyun တို့ရဲ့ ပထမဆုံးလက်တွဲပြီး သရုပ်ဆောင်မယ့် ဇာတ်ကားတစ်ကားဖြစ်လို့ တကယ့်ကို ပရိတ်သတ်တွေ စိတ်ဝင်စားမှုကို ရရှိထားပြီဖြစ်တဲ့ ကားတစ်ကားပါ။ ဒီဇာတ်ကားသစ်ကိုတော့ နှစ်ဝက်ပိုင်းလောက်မှာ စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်နော်။

READ
ခွေးလေးတွေကို အစာအာဟာရ အလှူလုပ်ခဲ့တဲ့ ရွှေ-ရွှေစုံတွဲ

Source: SBS Star

SHARE