ဇာတ်ကားသစ် ရိုက်ဖို့ လက်ခံလိုက်တဲ့ Park Seojoon

Park Seojoon ကတော့ အသက်(၂၉)နှစ်အရွယ် နာမည်ကြီးမင်းသားပါ။ အခုလက်တလောမှာ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ ကိုရီးယားမင်းသားပါ။Park Seojoon ကတော့ Kill Me, Heal Me, She Was Pretty, Hwarang: The Poet Warrior Youth, Fight for My Way,  What’s Wrong with Secretary Kim, ၊m Midnight Runners ...  ဒရမ်မာ ကား တွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားပါ။ What’s Wro ng with Secretary Kim ဇာတ်ကားပြီးရင် Park Seojoon  ကို လွမ်းကျန်ရစ်နေရမှာကို တွေးပြီး စိတ်ပူ နေတဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းရှိပါတယ်။

pinterest
pinterest

နောက်ထပ် ဇာတ်ကားသစ်ရိုက်ဖို့ လက်ခံထားပါတယ်။ လာမယ့်လမှာပဲ ‘Saja’ (လက်တလောပေးထားတဲ့နာမည်) ရုပ် ရှင်ကား ရိုက်ဖို့ ရှိပါတယ်။ ‘What’s Wrong with Secretary Kim’ ဇာတ်ကာ.ပြီးရင် ‘Saja’ နဲ့ ပရိသတ်ရှေ့ ကို  ထပ်ပြီး ရောက်လာတော့မှာပါ။ Park Seojoon ကတော့ သူ့ရဲ့အက်ရှင်ကားသစ်အတွက် မကြာခင်မှာ Training ယူ တော့မှာပါ။ ‘Saja’ ရဲ့ ကိုယ်စားလှယ်ကတော့ ဇာတ်ကားအတွက် ပြင်ဆင်မှုတွေကို သြဂုတ်(၁၄)မှာ စတင်မယ်လို့ ဆိုပါတယ်။ မင်းသားက လက်ရှိသူ့ရဲ့ ဇာတ်ကားအတွက် ရိုက်ကူးရေးတွေကို ဒီလကုန်ပိုင်းမှာ အဆုံးသတ်မှာ ဖြစ်ပြီး အဲ့ဒါပြီးတာနဲ့ ‘Saja’ အတွက် ပြင်ဆင်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

READ
ခေတ်အဆက်ဆက် Miss Universe သရဖူပိုင်ရှင်အလှမယ်တို့ရဲ့ လက်ရှိရုပ်ရည်သွင်ပြင်
pinterest
pinterest

‘Saja’ ကိုတော့ ဒါရိုက်တာPark Joohwan က ရိုက်ကူးသွားမှာပါ။Park Seojoon အရင်တုန်းက ရိုက် ခဲ့ဖူးတဲ့ Midnight Runners.’ ဇာတ်ကားရဲ့ ဒါရိုက်တာပါ။ဒီဇာတ်ကားအတွက် အသုံးပြုမယ့် ငွေကြေး ကတော့ ၀မ် (၉) ဘီလီယံပါ။တခြားအနုပညာရှင်တွေ အနေနဲ့  Ahn Sungki, Woo Dohwan, Choi Woosik, Lee Som .. တို့ ပါဝင် မယ်လို့ သိရပါတယ်။

#What’s Wrong with Secretary Kim ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်များ

Source kstarlive

SHARE