ပက်ခ်ရှင်ဟေးနဲ့ယူဂျယ်ဆော့တို့ မီးဘေးသင့်ပြည်သူများကို လှူဒါန်း

Doctor Crush  ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးပက်ခ်ရှင်ဟေးနဲ့‘Running Man’ စတားတစ်ယောက်ဖြစ်တဲ့ယူဂျယ်ဆော့တို့ဟာ Daegu မြို့ Seonum ဈေး မီးဘေးသင့်ပြည်သူတွေအတွက် လျှို့ဝှက် လှူဒါန်းခဲ့ပါတယ်။

58871h3o3414v4l9qd7r

Hope Bridge Korea Disaster Relief Association သို့လှူဒါန်းပေးခဲ့တာဖြစ်ပြီး မီးဘေးသင့်ပြည် သူတွေအတွက် သူတို့နှစ်ဦးရဲ့ လှူဒါန်းငွေစုစုပေါင်းဟာ ၀မ်ငွေသန်း(၅၀) အမေရိကန်ဒေါ်လာ(၄၃,၀၀၀) ဖြစ် ပါတယ်။ အဲ့ဒီငွေတွေကိုတော့ ဆိုင်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့ Seonum  ဈေးသူဈေးတွေအတွက် အသုံးပြုပေးသွားမှာဖြစ်ပါတယ်။

yoo-jae-suk-2

မင်းသမီးပက်ခ်နဲ့ဂျယ်ဆော့တို့ဟာ အလားတူပဲ သဘာဝဘေးသင့်ပြည်သူတွေအတွက် အရင်ကလည်း လှူဒါန်းတွေရှိခဲ့ဖူး ပါတယ်။ဂျယ်ဆော့ဟာ အလှူအတန်းတွေပြုလုပ်တဲ့နေရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

Ref:yibada.com

SHARE