ကြာပန်းသူခိုးတွေကြောင့် ပန်းခြံတောင်ပိတ်လိုက်ရတဲ့ တရုတ်နိုင်ငံက ဖြစ်ရပ်

Pixabay/shanghai.ist

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က Longqiao  ဥယျာဉ်ဟာ လှပတဲ့ကြာပန်းကြီးတွေ ဖူးပွင့်လျက်ရှိနေတဲ့ ကြာကန်ကြီးတွေကြောင့် ထင်ရှားပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ (၆၂) ဧကရှိတဲ့ ဥယျာဉ်ကြီးကို ကြာပန်းတွေ ခိုးယူနေတဲ့ စရိုက်ဆန်ဆန် ဧည့်သည်တွေကြောင့် ပိတ်သိမ်းထားပြီဖြစ်ကြောင်း shanghaiist သတင်းဌာနအရ သိရပါတယ်။

shanghai.ist

Longqiao ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥယျာဉ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ဥယျာဉ်တွင်း ရေလမ်းကြောင်းစနစ်ကို ပြန်လည်ပြုပြင်ဖို့အတွက် ကြာကန်ကို ယာယီပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဥယျာဉ်လာတဲ့ ဧည့်သည်တွေဟာ တော်တော့်ကို ဆိုးဝါးလွန်းပါတယ်။ ရာနဲ့ချီတဲ့ ဧည့်သည်တွေဟာ ကာရံထားတဲ့ အရံအတားတွေကို ချိုးဖောက်ပြီး ကြာပန်းတွေကို ခူးယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

Pixabay

ဒါကြောင့် ဥယျာဉ်ရဲ့ စီမံခန့်ခွဲရေးပိုင်းက ဒီနှစ်တစ်နှစ်လုံး ဥယျာဉ်ကို ပိတ်သိမ်းဖို့က လွဲလို့ အခြားနည်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဧည့်သည်တွေရဲ့လက်ချက်ကြောင့် ကြာကန်ထဲမှာ ကြာပွင့် ကြာဖူးဆိုတာ မရှိသလောက်အောင် ကုန်သွားခဲ့တာ ဖြစ်ပါတယ်။ ပန်းခြံကိုလာသူအများစုကတော့ တရုတ်နိုင်ငံရဲ့ အခြားပြည်နယ်တွေဆီက လာတဲ့ ဧည့်သည်တွေပဲ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းက လူတွေပဲ ဖြစ်တာမို့ အချင်းများမှာစိုးရိမ်တဲ့အတွက် ဥယျာဉ်ဝန်ထမ်းတွေဟာ ကြာပန်းခူးသူတွေကို ထိထိရောက်ရောက် မပြောဆိုနိုင်ခဲ့ဖူးလို့လည်း သိရပါတယ်။

READ
ဝမ်းဗိုက်မှာ ဆေးမင်ကြောင်အသစ်ထပ်ထိုးလိုက်တဲ့ Justin Bieber
Pixabay

Longqiao  ဥယျာဉ်ဟာ လွန်ခဲ့တဲ့(၆) နှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လျူကောင်တီမှာတော့ ရှုခင်းလှပပြီး သာယာချမ်းမြေ့စရာကောင်းတဲ့ နေရာတစ်နေရာအဖြစ် ကျော်ကြားပါတယ်။ တစ်နေ့ တစ်နေ့ကို ဥယျာဉ်ထဲ လူအယောက်(၂၀၀-၃၀၀) နီးပါးလောက် ခိုးဝင်လေ့ရှိတာကြောင့် ယခုအခါ ပန်းခြံရဲ့ လုံခြုံရေးအတွက် ထပ်တိုးဆောင်ရွက်မှုတွေ ပြုလုပ်နေရကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE